ထိုင်းနိုင်ငံတွင် ကားတိုက်မှုနဲ့ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦး လျော်ကြေးငွေရရှိ

0
298

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ကားတိုက်မှုနဲ့သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမားတွေအတွက် တစ်ဦးကို ဘတ်ငွေ ၈ သိန်း

(မြန်မာကျပ် ငွေ သိန်း ၂၆၀ ကျော် ) လျော်ကြေးရရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှာ မြန်မာအမျိုးသမီး ၆ဦးဟာ အလုပ်သွားမလို့ ကားစောင့်ဆိုင်းနေချိန်မှာ ကားတိုက်ခံရပြီး သေဆုံးခဲ့ကျတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးတွေအတွက် ကားအာမခံကြေးကနေ ဘတ်ငွေ ၅ သိန်းလျော်ကြေးရရှိခဲ့ပြီး ထော့လော့ဘော်လို့ခေါ်တဲ့ ထိုင်းဘုရင့်နစ်နာကြေး ၃ သိန်းရရှိခဲ့တာဖြစ်ပါတယ်။

လတ်တလော မှာ သေဆုံးသူတွေအတွက် အလုပ်ရှင်ဘက်က တစ်ဦးကို ဘတ် ၂သောင်းစီနဲ့ ထိုင်းအစိုးရက ဘတ် ၁သိန်းစီ ရရှိနေကြပြီ ဖြစ်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ဘတ် ၅ ထောင်စီ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)