ဂျပန်နိုင်ငံမှာ သန့်စင်ခန်း ပြပွဲကို တိုကျိုမြို့မှာ ကျင်းပ

0
295

သန့်စင်ခန်း ဘိုထိုင်တွေမှာသုံးတဲ့ နည်းပညာတွေမြင့်မားတယ်လို့ မှတ်တမ်းတင်ခံရတဲ့ ဂျပန်နိုင်ငံက ဒီတစ်ခါမှာတော့ သန့်စင်ခန်းပြပွဲကြီးကို တိုကျိုမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီပွဲမှာ သန့်စင်ခန်းအကြောင်းကို ဦးတည်ပြီး ဖွဲ့ဆိုထားတဲ့ သီချင်းတွေကို သံပြိုင်သီဆိုထားကာ လာရောက် ကြည့်ရှုသူတွေကို ကျန်းမာရေးနဲ့ အညစ်အကြေးပိုင်းဆိုင်ရာ အသိပညာပေးဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လာရောက်ကြည့်ရှုသူ ယူအိချိ ယူနိယာမက “ဒီပြပွဲက သန့်စင်ခန်းတွေအကြောင်းကို မရှက်မကြောက်ဘဲ ပြောဖို့ ကျွန်တော်တို့ကို သဘောပေါက်စေတယ်။ ကျွန်တော်တို့လည်း သန့်စင်ခန်း သန့်ရှင်းမှုအကြောင်း ပြောဖို့ မရှက်ကြောက်တော့ဘူး။ တခြားသူတွေကိုလည်း အဲ့ဒီအကြောင်းပြောပြဖို့ အစီအစဉ်ရှိတယ်”လို့ ဆိုပါတယ်။

ကလေးတွေနဲ့ လာရောက်လည်ပတ်သူတွေက မစင်ပုံစံ ဦးထုပ်တွေကို စောင်းထားကြပါတယ်။ ကလေးတွေက ဘိုထိုင်ပုံစံ လုပ်ထားတဲ့ ၁၆ မီတာ လောက်မြင့်တဲ့ လျှောကို တက်စီးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)