ဘရာဇီးလ်နိုင်ငံ အကပွဲတော်ယခုနှစ်တွင် စောပြီးကျင်းပ

0
337

ဇွန်လကုန်မှာ ကျင်းပနေကြဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံ၏ အကပွဲတော်ကိုဒီနှစ်မှာတော့ စောပြီးကျင်းပခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ဖလားပွဲကို အားပေးဖို့လာတဲ့ ပရိတ်သတ်တွေကို ဘရာဇီးလ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြသနိုင်ရုံ တင်မက ပိုမိုများပြားတဲ့ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ဖို့လည်းဖြစ်ပါတယ်။

KikoSampaio က “ဘရာဇီးလ်ဆိုတာ ဘာလဲလို့ ကမ္ဘာကသိဖို့ အရေးကြီးပါတယ်။ ဘရာဇီးလ်ဆိုတာ ယဉ် ကျေးမှုကြွယ်ဝပြီး လူသန်း၂၀၀လောက်ရှိတဲ့ နိုင်ငံကြီးပါ။ ဘောလုံး အားကစားတစ်ခုပဲရှိတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

အဲ့ဒီပွဲတော်မှာ ရွာတွေက အကအဖွဲ့အသီးသီး ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး နောက်ဆုံးမှာ တစ်နိုင်ငံလုံးအတိုင်း အတာအရ Saint John ပွဲတော်မှာ ချန်ပီယံရဖို့ ယှဉ်ပြိုင်ကြရမှာပါ။

နောက်ဆုံးပြိုင်ပွဲကိုတော့ ဇူလိုင်လ အကုန်လောက်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲတော်ကို ၁၆ရာစု ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုလက်ရှိ ကျင်းပနေတဲ့ ပုံစံမျိုးကတော့ ၁၉၇၂ခုနှစ်လောက်က စတင်တာဖြစ်ပြီး ဘရာဇီးလ်နိုင်ငံရဲ့ မိုးရာသီအကုန်မှာ ပြုလုပ်လေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)