ရှေးဟောင်းပန်းချီနဲ့ ခေတ်ပေါ်မော်ဒယ်ပန်းချီပါဝင်တဲ့ ပန်းချီတွေပြသ

0
336

ရှေးဟောင်းပန်းချီကားတွေနဲ့ ခေတ်ပေါ် မော်ဒယ်ပန်းချီတွေပါဝင်တဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းမှာ ကျင်းပခဲ့ပြီး ရှေးခေတ်ပန်းချီ ပညာရှင်တွေကနေ လက်ရှိခေတ်ပေါ် ပန်းချီဆရာ အယောက် (၄၀) ကျော်ရဲ့ လက်ရာတွေကို ပြသထားတာဖြစ်ပါတယ်။

ပန်းချီပညာရှင်ကြီးတွေဖြစ်တဲ့ ဆရာကြီးဦးဘကြည်၊ ဆရာကြီးဦးစံရှိန်၊ ဆရာကြီးဗိုလ်လက်ရာစတဲ့ ပန်းချီဆရာ ကြီးတွေရဲ့ နှစ်ပေါင်း(၇၀)ကျော်က လက်ရာတွေကို ပြသသွားတာဖြစ်ပါတယ်။

လက်ရှိပန်းချီဈေးကွက်သည် မိုးတွင်းကာလဖြစ်တာနဲ့အညီ အရောင်းအ၀ယ်အေးနေချိန်မှာ ၀ါသနာအရ ၀ယ်ယူလိုသူတွေအတွက် ရှေးဟောင်းနဲ့ ခေတ်ပေါ်အထိ ပန်းချီလက်ရာတွေ ပြသသွားတာဖြစ်ပါတယ်။

“ဆရာကြီးဦးငွေကိုင်ရဲ့ မဟာဗန္ဓုလဆိုတဲ့ ကားဆိုရင်လည်း အရမ်းလက်ရာပြောင်မြောက်တဲ့ကားဖြစ်ပါတယ်။ ဒီလိုကားမျိုးတွေက နောက်ထပ်လည်း ထပ်ရှိလာဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ပြီးတော့ ဒီကားမျိုးတွေကို နိုင်ငံခြားသားတွေ ၀ယ်သွားမှာ အရမ်းစိုးရိမ်ပါတယ်”လို့ ကိုမျိုး (The Least Left) ကပြောပါတယ်။

အဲ့ဒီပြပွဲကို ပန်းချီပြခန်းပိုင်ရှင်တွေနဲ့ ၀ါသနာအရ စုဆောင်းသူ (၆)ယောက်က ပူးပေါင်းကျင်းပသွားကြတာဖြစ်ပါ တယ်။

“တိုင်းပြည်ရဲ့ အနုပညာပစ္စည်းတွေကို နိုင်ငံခြားသားတစ်ယောက်ယောက်က ၀ယ်ယူသွားမယ်ဆိုရင် ကျွန်တော် တို့က ပိုက်ဆံရမှာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့တိုင်းပြည်အနေနဲ့ တန်ဖိုးရှိတဲ့ အနုပညာ ပစ္စည်းတွေကို ဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကြိုးတန်းကို လမ်းလျှောက်နေရသလိုပါပဲ။ မြန်မာပန်းချီကား စုဆောင်း သူတွေအနေနဲ့ ဒီကိစ္စလေးတွေကိုအာရုံစိုက်စေချင်ပါတယ်”လို့ ကိုမျိုး(The Least Left) ကပြောပါတယ်။

အောင်မျိုးသန့် (ဇွန်လ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်)

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)