အနောက်တိုင်း Classical တေးဂီတနဲ့ ပေါင်းစပ်ဖျော်ဖြေ

0
358

အနောက်တိုင်း Classical တေးဂီတနှင့် မြန်မာ့ရိုးရာတေးဂီတတို့ ပေါင်းစပ်ဖျော်ဖြေခဲ့သည့် မြန်မာဂီတပွဲတော်ကို ဇွန်လ (၁၈)ရက်မှ (၂၂)ရက် နေ့အထိ ကျင်းပခဲ့ပြီး ဖျော်ဖြေပွဲ(၁၀)ပွဲကျင်းပခဲ့ပါတယ်။

ဖျော်ဖြေပွဲတွေကနေ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေးကို ရည်ရွယ်တာမို့ အမေရိကန်သံရုံး၊ ဆွစ်ဇလန်သံရုံး၊ စာအုပ်ဆိုင်များနဲ့ သင်တန်းကျောင်းတွေမှာ ဖျော်ဖြေခဲ့ကြတာပါ။

အဲ့ဒီပွဲတော်ရဲ့နောက်ဆုံးဖျော်ဖြေပွဲကိုတော့ ၀ဇီရာရုပ်ရှင်ရုံမှာ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက မြန်မာ့ရိုးရာ စောင်းတူရိယာနဲ့ တွဲဖက်ဖျော်ဖြေသွားတာ ဖြစ်ပါတယ်။

“မြန်မာ့ဂီတဖြစ်တဲ့ အတွက်ကြောင့် မြန်မာ့ရိုးရာဂီတ ပစ္စည်းတွေပါအောင် ကြိုးစားရပါတယ်။ စောင်းနဲ့ ခြောက် လုံးပတ်ဗုံ၊ ဆိုင်းဝိုင်းတွေနဲ့အတူ စည်းဝါးစတဲ့ တူရိယာပစ္စည်းတွေ၊ အဆိုရှင်တွေကို စီစဉ်ပေးရပါတယ်။ ဒါ့အပြင် ဆရာဦးသက်ဆွေ ဦးဆောင်ပြီး အနောက်တိုင်း ဂီတပညာရှင်တွေကို မြိုင်ဟေ၀န်သီချင်း သင်ပေးပြီးအတူတကွ
တွဲဖက်တီးမယ့် အစီအစဉ်တွေ ပါတယ်”လို့ မြန်မာဂီတဖျော်ဖြေပွဲမှ အကြံပေး ဦးလင်းဇော်မင်းက ပြောပါတယ်။

ဖျော်ဖြေမှုမှာ အမေရိကန်နိုင်ငံက စန္ဒယားပညာရှင် Kimball Gallapherနဲ့ violinist William Harvey၊ ထိုင်ဝမ်နိုင်ငံက စန္ဒယားပညာရှင် Kaiyyin Huang၊ ဆွစ်ဇလန်နိုင်ငံက KirstyGriffiths၊ မြန်မာနိုင်ငံက AOC Orchestra တီးဝိုင်းခေါင်းဆောင် စောဂျင်းတို့က ပူးပေါင်းဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဖျော်ဖြေပွဲနဲ့အတူ ထိုင်ဝမ်နိုင်ငံက လက်မှုပညာရှင်တွေ ပြုလုပ်ထားတဲ့ တယော(၁၀)လုံးကို လှူဒါန်း သွားတယ်လို့ သိရပါတယ်။

နဒီကို (ဇွန်လ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)