မျိုးတုန်းပျောက်ကွယ်တော့မယ့် ပန်ဒန်ဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ရန် လှုပ်ရှားမှုစတင်

0
378

ဟောင်ကောင်တွင် မျိုးတုန်းတော့မယ့် ပန်ဒါဝက်ဝံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေ မြှင့်တင်ဖို့ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ စက္ကူနဲ့ပြုလုပ်ထားတဲ့ ပန်ဒါတွေကို ဟောင်ကောင်ရှိ အထိမ်းအမှတ်နေရာတွေမှာ ပြသထားပါတယ်။

ပန်ဒါ၁၆၀၀နဲ့ ကမ္ဘာပတ်မှုလို့ အမည်ပေးထားတဲ့ အဲဒီလှုပ်ရှားမှုဟာ မြို့တစ်ခုလုံးကိုလှည့်လည်ပြသဖို့ လေဆိပ်ကနေရောက်ရှိလာတာဖြစ်ပါတယ်။

အဲ့ဒီပန်ဒါလေးတွေကို ပြင်သစ် ပန်းပုပညာရှင် ပါလိုဂရမ်ဂျင်(Paulo Grangeon) ကဖန်တီး ထားတာဖြစ်ပြီး ဘာလင်၊ ပြင်သစ်၊ တိုင်ပေစတဲ့ မြို့တွေမှာ ပြသပြီးသွားပြီ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ပန်ဒါတွေရောက်ရှိနေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကတော့ လူမှုကွန်ယက်တွေမှာ ပြန့်နှံ့နေပါတယ်။

သဘာဝထိန်းသိမ်းရေးအဖွဲ့(Worldwide Fund)ရဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ တောထဲမှာနေထိုင်တဲ့ ပန်ဒါအကောင်ရေ (၁၆၀၀)ပဲ ကျန်ရှိတော့တာကြောင့် ရှားပါးတဲ့တိရစ္ဆာန်မျိုးစိတ် စာရင်းထဲဝင်နေပြီ ဖြစ်ပါတယ်။

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)