ချောင်းသာအနီး ကျေးရွာရှိချို့တဲ့သည့် ကလေးများကို လှူဒန်းမှုတွင်ပါဝင်သူများအား ဂုဏ်ပြု

0
343

ချောင်းသာအနီး ကျေးရွာက ချို့တဲ့သည့် ကလေးငယ်တွေကို မေလနောက်ဆုံးအပတ်က သွားရောက်လှူဒါန်း ခဲ့ပြီး ပါဝင်လှူဒါန်းခဲ့သူနှင့် ကူညီဆောင်ရွက်သူတွေကို Hope for children, Hope for peace foundation မှ ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်ကျင်းပ ပေးခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကိုတော့ ဇွန်လ ၁၇ရက်နေ့က စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး လှူဒန်းပွဲမှာတော့ အနုပညာ ရှင်များလည်း ပါဝင်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေ၊ ဖွဲ့စည်းတိုးတက်မှုနောက်ကျတဲ့ ကလေးငယ်တွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေအတွက် အဓိကထားပြီး လုပ်တဲ့လှူဒါန်းမှုဖြစ်ပါတယ်။ ကလေးတွေရဲ့ မျှော်လင့်ချက်ကောင်းမွန်မှသာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်လည်း ကောင်းမွန် လာမှာပါ”လို့ အဆိုပါဖောင်ဒေးရှင်းမှ ကိုချစ်ထိုက်က ပြောပါတယ်။

သွားရောက်လှူဒန်းတဲ့ ခရီးစဉ်မှာတော့ သရုပ်ဆောင်နှင့် အဆိုတော် ၁၉ယောက်ပါဝင်ခဲ့ပြီး ချောင်းသာအနီးက ကျေးရွာတွေ၊ ရပ်ကွက်တွေကို သွားရောက်လှူဒါန်းခဲ့ကြတာပါ။

“ကားရပ်ပြီး ရွာထဲတွေကို ခြေကျင်လျှောက်တယ်။ တမန်တွေနဲ့ တခြားရေလမ်းခရီးနဲ့ ဆက်သွားရတယ်။ တကယ်တမ်းကျတော့ စိတ်ထဲမှာခံစားလိုက်ရတာက ဒီမြင်ကွင်းကို တွေ့လိုက်ရတော့ ချောင်းသာလိုနေရာ မျိုးမှာ ပိုက်ဆံရှိတဲ့ လူတွေလာရောက် အပန်းဖြေကျတဲ့ နေရာပေါ့နော်။ အပန်းဖြေပြီး စည်ကားနေတဲ့ နေရာ တစ်ဖက်မှာ အင်မတန်မှချို့တဲ့ ဆင်းရဲတဲ့မိသားစုတွေ ကျေးရွာ အိမ်တွေကို တွေ့လိုက်ရတဲ့အခါမှာ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ပါတယ်”လို့ အဆိုတော် ရဲရင့်ထွန်းက ပြောပါတယ်။

အဲ့ဒီဖောင်ဒေးရှင်းကို တည်ထောင်ထားတာ ၁လခန့်ရှိပြီဖြစ်ပြီး ချောင်းသာခရီးစဉ်အလှူမှာ အသုံးအဆောင် ပစ္စည်းတွေနဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ခန့် လှူခဲ့တာဖြစ်ပါတယ်။

နဒီကို (ဇွန်လ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)