အဆိုတော် ခန့်ဖြိုးရဲ့ ဖြစ်ချင်အုံးဟဲ့ မျောက် တေးအယ်ဘမ် ဇူလှိုင် ၂၆ ရက်တွင်ဖြန့်ချီမယ်

0
341

ဘာလာလာတေးစီးရီးထဲက မျောက်ဖြစ်ချင်တယ် တေးသီချင်းနဲ့ ပရိသတ်တွေ သိရှိမှုများခဲ့တဲ့ လူငယ် အဆိုတော် ခန့်ဖြိုးဟာ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ဖြစ်ချင်အုံးဟဲ့ မျောက် တေးအယ်ဘမ်ကို ဇူလိုင်လ(၂၆)ရက်နေ့မှာ စတင်ဖြန့်ချီမှာဖြစ်ပါတယ်။

ဒီတေးစီးရီးထွက်ရှိခြင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇူလိုင်လ(၁၆)ရက်နေ့က ရန်ကုန်မြို့ရှိ Orchidဟိုတယ်က မှာကျင်းပသွားတာပါ။

“ပြီးခဲ့တဲ့နှစ်အထိ ရေးခဲ့တဲ့သီချင်းလေးတွေ လည်းပါပါတယ်။ အဲ့ဒါတွေ အကုန်လုံးကိုတော့ ကျွန်တော် အရင် တစ်ခေါက်က ပြန်ရောက်တော့ Home Studio Set Up လုပ်တယ်။ ဒရမ် တွေ ကိုယ့်ဟာကိုယ်တီးတယ်။ တစ်ချို့ သီချင်းတွေဆို သီချင်းရေးပြီး ညသန်းခေါင်မှ Mood ဝင်ပြီးထဆိုတဲ့ အခါတွေလည်းရှိတယ်။တော်တော်
လေးပင်ပင်ပန်းပန်း လုပ်ထားတော့ ခုရတဲ့Result ကိုတော့ ကျေနပ်ပါတယ်”လို့ အဆိုတော် ခန့်ဖြိုးကပြော ပါတယ်။

အဆိုတော် ခန့်ဖြိုးဟာ ပြည်ပမှာ ပညာသင်ကြားနေစဉ်ကတည်းက တေးသီချင်းတွေကို ကိုယ်တိုင် ဖန်တီး သီဆိုခဲ့တာဖြစ်ပြီး ယခုတေးစီးရီးအတွက် အချိန်တစ်နှစ်ခန့် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဒီတေးစီးရီးမှာ တေးသီချင်း (၁၀)ပုဒ်ပါဝင်ထားပြီး တေးသီချင်းအားလုံးကို ခန့်ဖြိုးကိုယ်တိုင်ရေးသားထားတာဖြစ် ပါတယ်။ ဒီတေးစီးရီးကို Whee Bandနဲ့ တီးခတ်ထားပြီး The Sun Musicက ဖြန့်ချီသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)