စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ခြင်း ၄နှစ်ပြည့်မှာ နန်းညွန့်ဆွေ ကဗျာဆုကို ချီးမြှင့်

0
341

စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ခြင်း ၄နှစ်ပြည့်မှာ ပထမဆုံးအကြိမ်အဖြစ် နန်းညွန့်ဆွေ ကဗျာဆုကို ဇူလိုင်လ ၁၁ရက်နေ့က ကဗျာဆရာ နှစ်ယောက်ကို ချီးမြှင့်လိုက်ပါတယ်။

ဒီလိုဆုရွေးချယ်ပေးလိုက်တာဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုမယ့် ကဗျာကောင်းတွေရေးနိုင်ဖို့ တွန်းအားဖြစ် မယ်လို့ မျှော်လင့်ကြောင်း Home Media Group ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

“ဆရာအသက်ရှင်ချိန်တုန်းက ဆရာနန်းညွန့်ဆွေ နာမည်နဲ့က သေသွားတာပေါ့။ အခုချိန်မှာ ပြည်သူလူ ထုကြားမှာ ဆရာနန်းညွန့်ဆွေ ဆိုတာ သိသွားတဲ့အတွက်ရော ပြီးရင် ဆရာရဲ့လေးနှစ်ပြည့် အမှတ်တရ အတွက်ရော ပထဆုံးအကြိမ်းပေးတဲ့ ကဗျာဆုလည်းဖြစ်တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ဆုရရှိတဲ့ ကဗျာဆရာ ကိုစောညီညီ ပြောပါတယ်။

Home media group ကထုတ်တဲ့ စုံနံ့သာမဂဇင်းမှာ ဖော်ပြခံရတဲ့ကဗျာတွေထဲက ရွေးချယ်ပြီး ဆုတစ်ဆု၊ တခြားမဂ္ဂဇင်းတွေထဲမှာ ဖော်ပြခံရတဲ့ကဗျာတွေထဲက ဆုတစ်ဆု ပေးတာဖြစ်ပါတယ်။

ဆုရတဲ့ကဗျာတွေကတော့ စုံနံ့သာမဂဇင်းက ဆရာစောနဒီရဲ့ ရန်ကုန်မြို့ကြီးမှ ဘ၀ရှိတာမဟုတ်ဘူး နေပြည် တော် မြို့ကြီးမှ ဘ၀ရှိတာမဟုတ်ဘူးနဲ့ လှိုင်းသစ်မဂဇင်းမှာ ဖော်ပြခံရတဲ့ ဆရာမိုးရင့်ကြယ်ရဲ့ ခေတ်မီကစာ ကွင်း ဆိုတဲ့ ကဗျာတွေ ဖြစ်ပါတယ်။

“စုံ့နံသာမဂ္ဂဇင်း အပါအ၀င်ပေါ့ ၂၀၁၄ ဇန်နဝါရီကနေစပြီးတော့ ဇွန်အထိ ၆လအတွင်းထုတ်ဝေခဲ့တဲ့ စာပေ အနု ပညာမဂ္ဂဇင်းတွေ၊ ကဗျာကို လေးလေးစားစားဖော်ပြတဲ့ မဂ္ဂဇင်းတွေက ကဗျာတွေကို ရွေးချယ်စုစည်း ပြီးတော့ ကျွန်တော်တို့ Home media group မိသားစုအဖွဲ့ဝင်တွေ အကုန်လုံး ဖတ်ကြည့်ကြတယ်။ ဖတ်ပြီးတော့ ဇကာ တင်ဆု ၅ပုဒ်ကို အဆင့်ဆင့်ရွေးချယ်တယ်။ အဲဒီဇကာတင် ၅ပုဒ်ကို မဲခွဲပြီးတော့ မဲအများဆုံးရတဲ့ ကဗျာ၂ပုဒ်ကို ရွေးချယ်တာပေါ့ဗျာ”လို့ Home Media Group မှ အယ်ဒီတာ ကိုဘုန်းသက်ပိုင်က ပြောပါတယ်။

၂၀၁၀ပြည့်နှစ်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး နန်းညွန့်ဆွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဆောင်း ပါးတွေ၊ အတ္တုပတ္တိ၊ ဂီတနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေရေးသားခဲ့သူဖြစ်ပါတယ်။ ၂၅နှစ်ခန့် ကလောင်အမည်ကို အသုံးပြုခွင့်ပိတ်ပင်ခံခဲ့ရပြီး အခုမှသာ နန်းညွန့်ဆွေအမည်နဲ့ ကဗျာဆုပေးတာဖြစ်ပါတယ်။

စာရေးဆရာကြီး နန်းညွန့်ဆွေသည် လူရွှင်တော်ဇာဂနာ၏ ဖခင်ဖြစ်ပြီး ဒီဆုတွေကို နှစ်စဉ်ရွေးချယ်ပေးပါသွားမှာ ဖြစ်တယ်လို့လည်း Home media groupမှ ဦးဇာဂနာက ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)