Sony၊ Panasonic နဲ့ sharp တို့ ကမ္ဘာ့ဖလားပွဲကာလအတွင်း 4K TV တွေ ထုတ်လုပ်

0
274

ဂျပန်လက်လီရောင်းချရေး လုပ်ငန်းစုဖြစ်တဲ့ Bic Camera ဟာ လာမယ့် 2014 ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း နိုင်ငံတ၀ှမ်းက ပြည်သူတွေကို ပြသနိုင်ဖို့ အဆင့်မြင့် နည်းပညာသုံး အရည်အသွေးမြင့် TV တွေကို ထုတ်လုပ်ဖို့ နည်းပညာကုမ္ပဏီတွေထံကနေ မျှော်လင့်နေပါတယ်။

Sony၊ Panasonic နဲ့ sharp စတဲ့ ဂျပန်နည်းပညာကုမ္ပဏီတွေဟာ အဆင့်မြင့်နည်းပညာဖြစ်တဲ့ 4K နည်းပ ညာသုံး TV ကို တီထွင်နိုင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ Bic Camera ရဲ့မန်နေဂျာ ဒိုင်ဆုကီကိုဂူရီ (Daisuke Koguer) က ဈေးကွက်ထဲမှာတော့ customers တွေအနေနဲ့ လက်ရှိထက်ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် TV တွေကို တောင်းဆိုနေကြပါတယ်။ ဘာအတွက်လဲဆိုရင် ကမ္ဘာ့ဖလားကြည့်ဖိုပါ လို့ ဆိုပါတယ်။

အဲဒီ 4K နည်းပညာသုံး TV ကို ဂျပန်ရုပ်သံလိုင်းတွေကလည်း ၀ယ်ယူရန်ဆန္ဒရှိနေပီး တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ 128 သန်းကို ထုတ်လွှင်ပြသသွားဖို့ လည်းရှိနေပါတယ်။ ဆိုနီ ကုမ္ပဏီ ဥက္ကဌ ကာဇူအိုဟီယာရီကလည်း 4K TV ကိုတီထွင်နိုင်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ရှုံးထားတဲ့ အရင်အရှုံးတွေကို ပြန်ပြီးကာမိနိုင်မယ်လိမ့်မယ်လို့ ဆိုပါတယ်။

အခြားဂျပန်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Panasonic နဲ့ Sharp တို့ဟာလည်း သူတို့ရဲ့ စီးပွာရေးလုပ်ငန်းတွေမှာ အရှုံးတွေပေါ်နေကြတာလည်းဖြစ်ပါတယ်။ 4K TV ဟာ LCD အမျိုးအစားဖြစ်ပြီးတော့ မျက်နှာပြင်အကျယ် 50 လက်မ ကျော်လက်မရှိမှာဖြစ်ပီးတော့ ပုံထွက်အရည်အသွေး ဟာလည်း အရင် TV တွေထက်ပိုမိုကောင်းမွန်မှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)