ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ Goal Line နည်းပညာကို ပထမဆုံးအသုံးပြု

0
248

ဘရာဇီးနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေနဲ့ ပထမဆုံး Goal Line နည်းပညာကို အသုံးပြုသွားမယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြလာပါတယ်။

အဆိုပါနည်းပညာကို ဂျာမနီကုမ္ပဏီ Goal Control က တီထွင်ခဲ့တာဖြစ်ပြီး အဲဒီနည်းပညာမှာ 4D နည်းပညာ အသုံးပြုကာ ကင်မရာ 14 လုံးပါဝင်မှာဖြစ်ပါတယ်။ FIFA အနေနဲ့ ပြီးခဲ့တဲ့ 2013 ခုနှစ်က ဘရာဇီးမှာ ကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေး ရှင်း ဖလားပြိုင်ပွဲ မှာစတင်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

Goal Control အမှုဆောင်အရာရှိချုပ် ဒက်ဘရိုရီချီက ဒီနည်းပညာအတွက် ကျနော်တို့ 5 နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အတွင်းအပြင် စမ်းသပ်မှုတွေလည်း အများကြီးပါပဲ။ ဒီနည်းပညာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကျိုးရှိစေမယ်ဆို ကတိပေးရဲပါတယ် လို့ဆိုပါတယ်။

Goal Control ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ဘီဂျွန်လင်နာ ကလည်း ဒါဟာဒီဂျစ်တယ် နည်းပညာတစ်ခုပါ။ ပါဝင်တဲ့ ကင်မရာတွေကလည်း တစက္ကန့်ကို ပုံ 500 လောက်ရိုက်ယူနိုင်ပါတယ်။ အဲဒီပုံတွေကို ဖိုက်ဘာ အော့ပတစ်ကနေတစ်ဆင့် ကွန်ပျူတာကိုပေးပို့ တာလည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

2014 ဘရာဇီး ကမ္ဘာ့ဖလားကို ဇွန်လ 12 ရက်နေ့မှ ဇူလိုင်လ 13 ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အသင်းပေါင်း 32 သင်းပါဝင်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)