Myanmar Clipboard Dictionary Application အကြောင်း

0
322

Android Os စနစ်သုံး မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်း အသုံးပြုရတဲ့ Application လို့ခေါ်တဲ့ ဆော့ဖ်ဝဲတွေထဲက မြန်မာပြည်သူတွေအနေနဲ့ သိရှိထားသင့်ပြီး ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုသင့်တဲ့ Application တွေထဲက အင်္ဂလိပ်မြန်မာ၊ စကားလုံးအဓိပ္ပါယ်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့် Myanmar Clipboard Dictionary လို့ အမည်ရတဲ့ Application ကို Google Play Store ကနေ အခမဲ ဒေါင်းလုပ်ရယူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

Application ထဲမှာဆိုရင်တော့ အင်္ဂလိပ်​ စာလုံးတွေ ရိုက်​ပြီး မြန်​မာအဓိပ္ပါယ်​ကို ရှာရုံတင်​မကပဲ မြန်​မာစာလုံး​တွေ ရိုက်​ပြီး အဓိပ္ပါယ်​က​နေ အင်္ဂလိပ်​စာလုံး ပြန်​ရှာလို့ရနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် အင်္ဂလိပ်​စာ ​လေ့ကျင့်​လိုသူ​တွေအတွက်​ ပ​ဟေဋ္ဌိ ​လေး​တွေ ထည့်​ထား​ပေးပြီး နောက်ပိုင်းတွေမှာလည်း ပဟေဠိကဏ္ဍတေါကို ထပ်​တိုး​ပေးဖို့ စီစဉ်​ထားတယ်လို့လည်း Application ကို ဖန်တီးထားသူတွေက ပြောကြားထားပါတယ်။ အလားတူ စာလုံးတွေရဲ့ အသံထွက်တွေကိုပါ နားထောင်လို့နိုင်တဲ့ အစီအစဉ်မျိုးတွေ လည်း ထည့်သွင်းထားတဲ့အတွက် အင်္ဂလိပ်အသံထွက် တိုက်ဆိုင်စစ်ဆေးလိုသူတွေအတွက် အကျိုးရှိစေနိုင်မယ့် App တစ်ခုလို့ ပြောဆိုနိုင်မှာလည်း ဖြစ်ပါတယ်ရှင်။

ဒီ Application ကို Android Os စနစ်သုံး ဘယ်ဖုန်းအမျိုးအစားမဆိုမှာ ထည့်သွင်းအသုံးနိုင်မှာလည်းဖြစ်တာ ကြောင့် ဘာသာစကားအခက်အခဲတွေကို ကျော်လွှာနိုင်စေဖို့ ရည်ရွယ်ပြီး မိတ်ဆက် တင်ပြပေးလိုက်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)