iOS စနစ်သုံး Air Bagan လေကြောင်းလိုင်းရဲ့ Application အကြောင်း

0
270

iOS စနစ်သုံး iPhone, ipad တွေမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် Application ဆော့ဝဲတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ လေကြောင်း လိုင်းတစ်ခုဖြစ်တဲ့ Air Bagan လေကြောင်းလိုင်းရဲ့ Application ကို Apple စတိုးကနေ အခမဲ့ ဒေါင်းလုတ် ရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Application ထဲမှာတော့ Air Bagan လေကြောင်းရဲ့ ပြည်တွင်း ပြည်ပ လေယဉ် ခရီးစဉ်တွေကို ရှာဖွေကြည့်ရှု့နိုင်မှာဖြစ်သလို ကိုယ်သွားရောက်လိုတဲ့ ပြည်တွင်းပြည်ပ လေယဉ်ခရီးစဉ်တွေကို လည်း နေရာဒေသနဲ့ နေရက်တွေအလိုက် ရှာဖွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် Air Bagan လေကြောင်းလိုင်းရဲ့ ရုံးချုပ်အပါအ၀င် ရုံးခွဲတွေကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ် အီးမေးလ်လိပ်စာတွေနဲ့အတူ မြေပြင်လိပ်စာတွေကိုပါ ထည့်သွင်းပေးထားတာပါ။ အလားတူ ကိုယ်သွားရောက် လိုတဲ့ လေယဉ်ခရီးစဉ်တွေအလိုက် အွန်လိုင်းကနေလည်း လက်မှတ်ကို ကြိုတင်မှာယူနိုင်မယ့် Booking လုပ်လို့ရမယ့် Program တွေလည်း ပါဝင်ထားပါတယ်။

ဒီ Application ထဲမှာပဲ Air Bagan လေကြောင်းလိုင်းရဲ့ လေယဉ်လက်မှတ်တွေကို ၀ယ်ယူရရှိနိုင်မယ့် နိုင်ငံတကာ လက်မှတ်အရောင်းကိုယ်စားရုံးတွေနဲ့ ပြည်တွင်း လက်မှတ်အရောင်းကိုယ်စားလှယ် ရုံးတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။

ဒါအပြင် Air Bagan လေကြောင်းလိုင်းကနေ ပြုလုပ်လေ့ရှိ ပရိုမိုးရှင်းအစီအစဉ်တွေရဲ့ အချက်အလက်တွေကိုပါ အချိန်နဲ့တပြေးညီ ဖော်ပြနေတာဖြစ်တာကြောင့် အသုံးပြုသူတွေအတွက် လေယဉ် ခရီးစဉ်တွေကို အချိန်ကုန်သက်သာစွာ ၀င်ရောက်ကြည့်ရှု့နိုင်မှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)