LG L70 လက်ကိုင် မိုဘိုင်းဖုန်း အကြောင်း

0
277

ကိုရီးယားနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကုမ္ပဏီကထုတ်လုပ်ထားတဲ့ မျက်နှာပြင်အရွယ်အစား 4.5 လက်မရှိတဲ့ LG L70 လက်ကိုင်မိုဘိုင်းဖုန်းဟာ ပေါ့ပါးတဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး အလေးချိန်ကလည်း 126.6 ဂရမ်ပဲရှိတဲ့အတွက် အသုံးပြုသူများအတွက် အကြိုက်တွေ့စေမယ့် ဖုန်းတစ်မျိုးဖြစ်ပါတယ်။

ဒီဖုန်းကို ယခုနှစ်အတွင်းမှာ ထုတ်လုပ်တာဖြစ်ပြီး GSM စနစ်သုံး Dual Sim အမျိုးအစားဖြစ်ကာ volume key နဲ့ ပါဝါခလုတ်က ဘေးဘောင်တစ်ဖက်စီ ဖြစ်တဲ့အတွက် ခလုတ်နှိပ်ရတာကို ရှင်းလင်းစေပါတယ်။ LG L70 ဖုန်းမှာ Andriod OS အမျိုးအစားဖြစ်ပီးတော့ ဖုန်းအတွင်းမှတ်ဥာဏ်အနေနဲ့ကတော့ 4 GB ပါဝင်ပြီး လိုအပ်ပါက 32 GB အ ထိတိုးမြှင့်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

CPU အနေနဲ့ Dual –core 1.2 GHz Cortex – A7 ဖြစ်ပြီး Li-Ion 2100 mAh ဘက်ထရီ အသုံးပြုထားတာဖြစ်သလို ကင်မရာအ နေနဲ့ကတော့ 5 Mega Pixel ရှိမှာလည်းဖြစ်ပါတယ်။ Screen Resolution 480×800 ဖြစ်လို့ အားနည်းနိုင်ပေမယ့် IPS LCD နည်းပညာကိုအသုံးပြုထားလို့ မြင်းကွင်းတွေကို ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်မှာလည်းဖြစ်ပါတယ်။

ဖုန်းကို အဖွင့်အပိတ်လုပ်ရာမှာ touch screen ပေါ်မှာ လက်နဲ့ နှစ်ချက်ထောက်လိုက်ရုံနဲ့ အဖွင့်အပိတ်လုပ်နိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ ကတော့ ကျပ် 190000 သာရှိလို့ ဈေးနှုန်းလည်းသင့်တယ်လို့ ဆိုရမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)