Apple MacBook Pro ME 866 LL/A ကွန်ပျူတာလပ်တော့ အကြောင်း

0
296

Apple ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ မျက်နှာပြင်အကျယ် 13.3 ရှိတဲ့ Apple MacBook Pro ME 866 LL/A ကွန်ပျူတာလပ်တော့ ဟာ 2.6GHz dual-core Intel Core i5 processor နဲ့ ထွက်ရှိထားတာပါ။ မန်မိုရီလို့ ခေါ်တဲ့ မှတ်ဥာဏ်ကတော့ 8GB 1600MHz DDR3L onboard memory ပါဝင်ထားပြီး ၀င်ဆန့်နိုင်မှု ပမာဏကတော့ 512GB PCIe-based flash storage ပါဝင်မှာဖြစ်ပါတယ်။

ပုံရိပ်အရည်အသွေးအတွက် Intel Iris Graphics ကို ထည့်သွင်းပေးထားတာကြောင့် Intel Iris Graphics 2560×1600 pixel Resolution အထိ အသုံးပြုနိုင်မှာဖြစ်ပြီး LED-backlit with IPS technology ပါဝင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် 13.3 ရှိတဲ့ ဒီလပ်တော့ဟာ အလေးချိန် 6.9 ပေါင်ရှိတာဖြစ်ပြီး ဘတ်ထရီရဲ့ ကြာရှည်ခံနိုင်မှုကတော့ ၉ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB 3.0 Ports 2 လည်းပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၁၆၀၀ ၀န်းကျင် တန်ဘိုးရှိမှာဖြစ်ပြီး အဆင့်မြင့် ရုပ်သံဖန်တီး ထုတ်လုပ်လိုသူတွေ အတွက် အရည်အသွေးအသင့်အတင့်အနေနဲ့ အသုံးပြုနိုင်မယ့် ကွန်ပျူတာ လပ်တော့ အမျိုးအစားတစ်ခု အဖြစ် မိတ်ဆက် တင်ပြပေးလိုက်ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)