Planes: Fire and Rescue ရုပ်ရှင်ဇာတ်ကားအကြောင်း

0
379

ဒီသီတင်းပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ Planes: Fire and Rescue ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးပါ့မယ်။ အဲဒီရုပ်ရှင်ကို ဇူလိုင်လ(၁၈)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ စတင်ပြသတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့နာမည်ကြီး လေယာဉ်မောင်းပြိုင်တဲ့ လေယာဉ် Dusty က သူ့ရဲ့လေယာဉ် အင်ဂျင်ပျက်စီးခဲ့တာကြောင့် သူဟာ နောက်ထပ်လေယာဉ်ပြိုင်ပွဲ ၀င်ခွင့်မရရှိခဲ့ပါဘူး။ အဲဒါကြောင့် သူရဲ့ အင်ဂျင်ကို ပြောင်းလိုက်ပြီးနောက် ကမ္ဘာ့လေကြောင်း မီးသတ်အဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ Dusty နဲ့ သူရဲ့အဖွဲ့က မီးသတ်ဌာနရဲ့ အထူးတပ်ဖွဲ့အနေနဲ့ တာဝန် ထမ်းဆောင်နေရပြီး ဟယ်ရီကော်လာ အဖွဲ့ဖြစ်တဲ့ Blade Ranger တို့အဖွဲ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Dusty တို့အဖွဲ့က ကြီးမားတဲ့ သစ်တောမီးလောင်မှုတွေကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီလို အလုပ်တွေကမှ တကယ့် သူရဲကောင်းအလုပ်လို့ Dusty က တဖြည်းဖြည်း နားလည် သဘောပေါက်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားကို ဒါရိုက်တာ Roberts Gannaway က ရိုက်ကူးခဲ့တာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် Dane Cook ၊Ed Harris နဲ့ အမျိုးသမီး သရုပ်ဆောင် Julie Bowen တို့ က အသံဖြင့် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)