(MJA) နှင့် (IFJ)  တို့ပူးပေါင်းပြီး မန္တလေးမြို့တွင် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်

0
575

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) နဲ့ နိုင်ငံတကာဂျာနယ်လစ်များ အဖွဲ့ချူပ်(IFJ) တို့ ပူးပေါင်း ပြီး အဖွဲ့အစည်းခေါင်းဆောင်မှုသင်တန်း ( Union Leadership Training)ကို မန္တလေးမြို့ရှိ ရိုင်ရယ်လ် ဒိုင်းမွန်း ဟိုတယ်မှာ စက်တင်ဘာ ၆ရက်နှင့် ၇ ရက် နစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ခေါင်းဆောင်တွေက ဒီအသင်းအဖွဲ့မှာရှိတဲ့ အနေအထားတွေ အသင်းအဖွဲ့တစ်ခုမှာပါလာမယ့် နောက်လိုက်အဖွဲ့သားတွေကို ဘယ်လိုဦးဆောင်မှုပြုရမယ်ဆိုတာကို အဓိကသင်ကြားပေးမှာပါ”လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)(မန္တလေးတိုင်းဒေသကြီး)မှ အတွင်းအရေးမှူး (၂) ကိုကျော်စွာမင်း ကပြော ပါတယ်။

အဲ့ဒီသင်တန်းကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး) က အသင်းဝင်တွေနဲ့ မန္တလေးမြို့အခြေစိုက် ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေက သတင်းသမားများ အစိုးမဟုတ်တဲ့ အန်ဂျီအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အခုကတော့ ဒီမန္တလေးပေါ့ မန္တလေးဆိုတာ ကျွန်တော်တို့ ဒုတိယဒေသကြီးလည်း ဖြစ်တယ်။ အင်အားလည်း များတယ်ဆိုတော့ရွေးတယ်။ နောက်တတိယအနေနဲ့ မော်လမြိုင်ကို ရွေးထား ပါတယ်။ နောက်ဆိုကျွန်တော်တို့ လူဦးရေပေါ်မူတည်ပြီးတော့   နေပြည်တော်ဖြစ်ဖြစ် ပုသိမ်ကိုဖြစ်ဖြစ် ရှမ်းပြည်ဖြစ်ဖြစ် ကျွန်တော်တို့ဆက်ပြီးတော့ IFJ နိုင်ငံတကာနဲ့   ညှိနှိုင်းပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်လုပ်ဖို့ရှိပါတယ်။ ခုလက်ရှိလည်း နောက်ထပ်အရည်အသွေးမြင့်တဲ့ဟာကို ရန်ကုန်မှာဆက်ပြီးတော့ နိုဝင်ဘာလမှာ ဖွင့်ဖို့ရှိပါတယ်”လို့ ကိုကျော်စွာမင်းကပြောပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) နဲ့ နိုင်ငံတကာဂျာနယ်လစ်များ အဖွဲ.ချူပ် (IFJ)  တို့ ပူးပေါင်းပြီး အလားတူသင်တန်းတွေကို ရန်ကုန်မြို့အပါအ၀င် အခြားမြို့တွေမှာပါ ဖွင့်လှစ်မည်ဖြစ်ပြီး အခြား သင်တန်းတွေကိုပါ ဖွင့်လှစ်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)