ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနား မန္တလေးတွင်ပြုလုပ်

0
424

ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် နှစ်ပတ်လည် အောင်းမေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့ခံမျိုးဆက်သစ်ကဗျာဆရာတွေစုပေါင်းပြီး အမရပူမြို့နယ် တောင်သမန်အင်းစောင်းရှိ တောင်လေး လုံးကျောင်းတိုက်မှာ စက်တင်ဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ပွဲလေးကတော့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ကဗျာဆရာမောင်ချောနွယ် အမှတ်တရပွဲလေး မန္တလေးကကဗျာဆရာတွေဦးစီးပြီးတော့ ကျင်းပတဲ့ပွဲလေးပါ။ မောင်ချောနွယ်ကိုမမေ့နိုင်တဲ့ လူငယ်တွေ မောင်ချောနွယ်ကဗျာကို တန်းဖိုးထားတဲ့လူတွေရယ် အမှတ်တရပွဲလေးကို ကျွန်တော်လာရောက်ခဲ့ခြင်းဖြစ် ပါတယ်”လို့ မန္တလေးမြို့ခံ ကဗျာဆရာတစ်ဦးက ပြောပါတယ်။

ဒီအခမ်းအနားမှာတော့ မန္တလေးမြို့ခံမျိုးဆက်သစ်ကဗျာဆရာတွေစုပေါင်းပြီး ရဟန်းသံဃာတော် တွေကိုဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသလို ကဗျာမောင်ချောနွယ်ရဲ့ ကဗျာတွေကိုပြန်လည်ရွတ်ဆိုတာတွေကို လည်း ပြုလုပ်ခဲ့ကြပါတယ်။

“ကိုချောပြောခဲ့တဲ့စကားတွေ ကဗျာတွေ ကျွန်တော်တို့ ရင်ထဲမှာမမေ့နိုင်ပါဘူး။ အဲ့လိုပါပဲနောက် ထက်မျိုးဆက်သစ်လူငယ်တွေလည်း ကိုချောကိုလေးစားတဲ့အတွက် ကိုချောကိုတန်းဖိုးထားတဲ့အတွက် ကိုချော ကိုမမေ့နိုင်တဲ့ပွဲလေးကို လုပ်ရခြင်းဖြစ်ပါတယ်”လို့ မန္တလေးမြို့ခံကဗျာဆရာတစ်ဦးကပြောပါတယ်။

ကဗျာဆရာမောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်မှာ နယ်ပိုင်ဝန်ထောက် ဦးကျော်မြင့်နဲ့ ဒေါ်သန်းသန်းတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပါတယ်။ ဆရာမောင်ချောနွယ်ဟာ ခေတ်ပေါ်ကဗျာများ စွာကိုရေးသားခဲ့ပြီး ခေတ်ပေါ်ကဗျာလောကအတွက် ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ၂၀၀၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)