ရန်ကုန်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ အကြီးကျယ်ဆုံးဂိမ်းပြိုင်ပွဲ

0
384

မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးဂိမ်းပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏမိုလုံလေလုံအားကစားရုံမှာ စက်တင်ဘာ ၅ ရက်၊ ၆ ရက်နေ့တွေကကျင်းပခဲ့ပြီး ပြိုင်ပွဲမှာတော့ ကွန်ပျူတာဂိမ်းတွေဖြစ်တဲ့ Dota 2၊ Counter Stike၊ Fifa ဘောလုံးစတဲ့ ဂိမ်းပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဂိမ်းဘာတွေအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု အကောင်းဆုံး ဂိမ်းအသင်းတွေက ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ ရွေးထုတ်တဲ့အနေနဲ့ ကျွန်တော်တို့ မြန်မာ ဂိမ်းပွဲတော်မှာကို ထည့်သွင်းယှဉ်ပြိုင်ထားခြင်း ဖြစ်ပါတယ်”လို့ ပွဲစီစဉ်သူ ကိုရဲမြန်မာအောင် ကပြောပါတယ်။

အဲ့ဒီပြိုင်ပွဲမှာ အဓိကအားဖြင့် ကွန်ပျူတာနက်ဝက်ဂိမ်းဖြစ်တဲ့ Dota 2ကို အဓိကယှဉ်ပြိုင်သွားပြီး အနိုင်ရရှိတဲ့ အသင်းကိုငွေကျပ်သိန်း(၅၀)ချီးမြှင့်သွားတာလည်းဖြစ်ပါတယ်။

“နိုင်ငံတကာမှာ အားကစားသမားဆိုပြီးတော့ ရပ်တည်မယ်ဆိုလိုရှိရင် သူ့အတွက် အစစအရာရာ အဆင်ပြေ တယ်လေ။ တစ်ခြားအားကစားနည်းတွေကပေါ့ ဆိုတဲ့ဟာမျိုးကလည်း အရင်တုန်းကလိုမျိုး အပျော်တမ်း ကစား နည်းနေရာမျိုးမှာ အားကစားသမား ဖြစ်လာမယ်ဆိုလိုရှိရင် နိုင်ငံတကာအားကစားတစ်ခုအနေနဲ့ ရပ်တည်လာ နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဂိမ်းဆော့တဲ့ ပရိသတ်တော်တော်လေးရှိပါတယ်။ ဂိမ်းဆော့တဲ့ပရိသတ် တော်တော်များရှိတဲ့အထဲမှာ ဒီလိုပွဲတွေလုပ်ခြင်းအားဖြင့် တကယ်ကိုလေးကျင့်ပြီးသားလည်း ဖြစ်လာမှာပါ။ တကယ်ကို ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ ဂိမ်းကစားသမားတွေ ဖြစ်လာမှာပါ”လို့ ၎င်းကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ခေတ်စားမှုမရှိသေးပေမယ့် နိုင်ငံတကာမှာတော့ ဂိမ်းပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ရင်း ဘ၀ရပ်တည်မှုရယူထားကြတဲ့ လူငယ်အများအပြားရှိနေကြတယ်လို့လည်း သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)