အမျိုးဘာသာ သာသနာမခွဲခြားဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး မန္တလေးမြို့တွင် စီတန်းလမ်းလျှောက်

0
366

အမျိုးဘာသာသာသနာ မခွဲခြားဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့် ရဟန်းသံဃာတော်တွေနဲ့ ပြည်သူလူထု စုဝေးပြီး မန္တလေးမြို့မှာ စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

ဒီသတင်းကို MCN သတင်းထောက် မင်းမင်းလတ်က ပေးပို့ထားပြီး အောင်ဆန်းဦးက တင်ပြထားပါတယ်။
အမျိုးဘာသာသာသနာ မခွဲခြားဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးမြို့ ရန်ကင်းတောင်ခြေမှာရှိတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှာ ရဟန်းသံဃာနဲ့ ပြည်သူတွေစုဝေးပြီး ဒီကနေ့ ဇူလိုင်လ ၁၅ရက်နေ့ မနက်က စီတန်းလျှောက်ခဲ့ကြပါတယ်။
စီတန်းလမ်းလျှောက်ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေဟာ “ငြိမ်းချမ်းစွာအတူယှဉ်တွဲ လမ်းလျှောက်ကြစို့” “ငြိမ်းချမ်းသောကမ္ဘာ ဆီသို့” စတဲ့ ဗွီနိုင်တွေကို ကိုင်ဆောင်ပြီး ရန်ကင်းတောင် ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ် ကနေ ၅ ယောက်စီ စီတန်းပြီး ရန်ကင်းတောင်လမ်းအတိုင်း ဥယျာဉ်ပတိရတ္တိ စာသင်တိုက်အထိ စီတန်လမ်း လျှောက်ခဲ့ကြတာပါ။
အင်တာဗျူး ဆရာတော်ဥူးလင်္ကာရ(ဥယျာဉ်ပရိယတ္တိစာသင်တိုက်)
“ဒီလမ်းလျှောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းတယ်ဆိုတဲ့စကားက အရမ်းကောင်းပါတယ်။ ငြိမ်းချမ်းတယ် ဆိုတာ ဘယ်ဘာသာအတွက်ပဲဖြစ်ဖြစ် အရမ်းကောင်းတယ်။ အဲ့တော့ ငြိမ်းချမ်းရေးနဲ့ပတ်သက် လို့ ဘယ်တော့နေနေ ဦးဇင်းတို့က ကြိုက်လည်းကြိုက်တယ်။ ၀မ်းလည်းသာတယ်”လို့ ဥယျာဉ်ပတိရတ္တိစာသင် တိုက်၊ ဆရာတော်ဥူးလင်္ကာရက မိန့်ပါတယ်။
ဒီလမ်းလျောက်ပွဲဟာ လူသားတိုင်း အမျိုးဘာသာသနာမခွဲခြားဘဲ အတူလက်တွဲကာ ငြိမ်းချမ်းခြင်းများဆီ လျှောက်လှမ်းနိုင်ဖို့သာဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့မသက်ဆိုင်သလို စစ်ပွဲ တွေရပ်တန့်ဖို့အတွက် လမ်းလျှောက်တာလည်း မဟုတ်ဘူးလို့ စီတန်းလမ်းရှောက်သူတွေက ပြောပါတယ်။
အဲ့ဒီ စီတန်းလမ်းလျောက်ပွဲကို ဥယျာဉ်ပတိရတ္တိစာသင်တိုက် ဆရာတော်တွေက ဦးဆောင်ပြီး ရဟန်းသံဃာနဲ့ ပြည်သူလူထု ၅၀၀ ဟာ 1 နာရီကြာလမ်းရှောက်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)