လူမှုရေးအသင်းအဖွဲ့ ၁၉ ခုက ဦးပိန်တံတားတွင် အမှိုက် ရှင်းလင်း

0
368

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်၊ မန္တလေးအခြေစိုက် လူမှုရေးအသင်းအဖွဲ့နှင့် အခြားလူမှုရေးအဖွဲ့အစည်း ၁၉ ခု ပူးပေါင်းပြီး ဇွန်လ ၆ ရက်နေ့ မန္တလေးမြို့ ဦးပိန်တံတားအနီး ပတ်ဝန်း ကျင်တွင် အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မှ လူမှုရေးအသင်းအဖွဲ့ဖြင့်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူအပါအ၀င် မန္တလေး စိမ်းရောင် အဖွဲ့ဝင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့ အသီးသီးကပုဂ္ဂိုလ်တွေ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ၀န်ထမ်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကတော့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့က အမှိုက်ကောက်တယ်ဆိုတာ အချိန်တွေပိုနေလို့ အားနေလို့လာကောက်တာမဟုတ်ဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အင်မတန်အရေးကြီးတယ်။ အမှိုက်ကောက်ပြီး ဘယ်အမှိုက်က ဘယ်အမှိုက် ပုံးထဲမှာ ထည့်ရမယ်ဆိုတာကို ပညာပေးအနေနဲ့လည်း ကျွန်တော်က လုပ်ချင်တယ်”လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူကပြောပါတယ်။

ဒီလိုအမှိုက်ရှင်းလင်းရေးတွေကို လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်နေပေမယ့်လည်း အနီးပတ်ဝန်းကျင် ကအမှိုက်စွန်ပစ်သူတွေကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက ကြပ်မှတ်ဆောင်ရွက်မှသာ အမှိုက် တွေ ရှင်းလင်းနိုင်လိမ့်မယ်လို့ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

“ဒီနားမှာရှိတဲ့ စားသောက်ဆိုင်တွေဆီက ထွက်တဲ့အမှိုက်တွေက များနေတယ်။ သူတို့တွေအနေနဲ့ အမှိုက် ပုံးတွေကို ချပေးထားသင့်တယ်။ သူတို့ကစီးပွားရှာစားနေတဲ့လူတွေ။ စီးပွားရှာစားနေတဲ့ လူတွေမှာ ပိုပြီး တာဝန်ရှိတယ်။ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်လောက်ဘဲ တွေ့ရတာ။ တကယ့်တကယ် ထိန်းသိမ်းမှုအားမှာ အတော်နည်းနေတာကို တွေ့ရတယ်”လို့ အွန်လိုင်းပရဟိတမိသားစု(မန္တလေး)မှ ကိုအောင်ဆွေဦး ကပြောပါ တယ်။

ဒီလိုအမှိုက်ရှင်းလင်းရေးလှုပ်ရှားမှုတွေကို ဦးပိန်တံတား အနီးပတ်ဝန်းကျင်တွေမှာသာမက မန္တလေးမြို့နှင့်အတူ ပြင်ဦးလွင်မြို့ အနီးတစ်ဝိုက်က အထင်ကရနေရာတွေမှာပါ ဆောင်ရွက်ခဲ့ကြတာပါ။

သဲဟေမန်မောင်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)