အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတွင်စာအုပ်လှူ

0
392

အစ္စရေးနိုင်ငံရဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးကကြီးမှူးပြီး အစ္စရေးဘာသာကနေ မြန်မာဘာသာစကားနဲ့ ချင်းဘာသာစကားတွေကို ပြန်ဆိုထားတဲ့ စာအုပ်တွေကို မန္တလေးကလေးဆေးရုံနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွေကို လှူဒန်းခဲ့ပါတယ်။

အစ္စရေးနိုင်ငံ၏ လွတ်လပ်ရေးနေ့ကတော့ ဇွန်လ ၆ ရက်နေ့ဖြစ်ပြီး လှူဒန်းထားတဲ့စာအုပ်တွေက မြန်မာဘာသာ နှင့် ချင်းဘာသာကိုပြန်ဆိုထားတဲ့ စာအုပ်တွေ အပါအ၀င် စုစုပေါင်း ၄၃၀ အုပ်ကို လှူဒန်းခဲ့တာဖြစ်ပါတယ်။

“အစ္စရေးနဲ့ ကျွန်တော်တို့က ခုမှဆက်ဆံခဲ့တာမဟုတ်ပါဘူး။ ဆက်ဆံခဲ့တာကြာပါပြီ။ အရင်ပြီးခဲ့တဲ့နှစ်တုန်း ကလည်း ကျွန်တော်တို့ဝန်ကြီးချုပ်ကိုယ်တိုင် အစ္စရေးကိုသွားပြီးတော့ လေ့လာရေးခရီး သွားရောက်လည် ပတ်ခဲ့တာလည်းရှိပါတယ်”လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာနမှ ၀န်ကြီး ဒေါက်တာ ၀င်းလှိုင်ကပြောပါတယ်။

မန္တလေးမြို့ရှိ ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံကြီးမှာလည်း စာအုပ်တွေနဲ့ ကလေးကစားစရာပစ္စည်းတွေကို လှူဒါန်းခဲ့သလို ၆၆ နှစ်မြောက် အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် တွေကိုလည်း မန္တလေးမြို့ရှိ မြို့မရုပ်ရှင်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးက ကျေးလတ်ဒေသဖွံ့ဖြိုးရေးအတွက် သူတို့ နိုင်ငံနဲ့ရာသီဥတုချင်းတူညီတဲ့ အပူပိုင်းဒေသတွေထဲက နွားထိုးကြီးမြို့နယ်အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကိုလည်း လုပ်ဆောင်နေတာပါ။

“သူ့နိုင်ငံကလည်း သဲကန္တာရထဲမှာ သူကစိုက်ခင်းလုပ်နေတာဆိုတော့ ဒီနွားထိုးကြီးဘက်က ပြောရမယ်ဆိုရင် ကျောက်တွေများတယ်။ စိုက်ပျိုးရတာလဲ တော်တော်လေးခက်ခဲတဲ့နေရာဖြစ်တော့ အဲနေရာမှာ သူကမြေပြုပြင် ပေးတာ၊ ရေရရှိအောင်လုပ်ဆောင်ပေးတာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာရှိပါတယ်”လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်တွေထဲမှာတော့ ရေရရှိရေးအတွက် အ၀ီစိတွင်းနက်တူးဖော်ကာ ပဏာမအနေနဲ့ စိုက်ပျိုး မြေဧက ၅၀၀၀ ကျော်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ နည်းပညာကို ဖြန့်ဝေပေးသွားဖို့ အစီ အစဉ်ရှိပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)