တတိယအကြိမ်မြောက် ပြည်ဘားကမ့် ကျင်းပဖို့ရှိ

0
396

ပဲခူးတိုင်း၊ ပြည်မြို့တွင် တတိယအကြိမ်မြောက် ပြည်ဘားကမ့်ပွဲကို ဇွန်လ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ပြည်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပမှာဖြစ်ပါတယ်။

ဒီပွဲမှာတော့ နယ်ပယ်အသီးသီးက ၀ါသနာတူသူတွေ၊ ဦးတည်ချက်တူသူတွေက နည်းပညာ၊ လူငယ်ရေးရာ၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်စတဲ့ ကဏ္ဍတွေခွဲပြီး ဆွေးနွေးသွားကြမှာပါ။

ပြည်မြို့မှာဘားကမ့်ကျင်းပတာဟာ ၂၀၁၂ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ကကျင်းပခဲ့တဲ့ ဘားကမ့်ပွဲမှာပရိသတ်(၁၂၀၀)ကျော်တက်ရောက်ခဲ့ပြီး အခုနှစ်မှာတော့ (၂၀၀၀)နီးပါးတက် ရောက်မယ်လို့ မျှော်မှန်းထားကြပါတယ်။

“အခုက ၃ ခုခွဲထားတယ်၊ IT ပိုင်း၊ အထွေထွေပိုင်း၊ လူငယ်အပိုင်းပေါ့။ လူငယ်တွေနဲ့ ဆက်စပ်တဲ့ အကြောင်း အရာတွေ လူငယ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုတာတွေပါ။ စိတ်တူကိုယ်တူ လူငယ်တွေ စုပြီး လုပ်ဆောင် လို့ရပါတယ်။ လူဦးရေပိုပြီး များများဝင်လာဖို့ရယ်၊ ဒီကနေပြီးတော့ ပွဲပြီးလို့ ပြီးသွားတာမဟုတ်ဘဲနဲ့ အသင်း အဖွဲ့လေးတွေ လုပ်ဆောင်မှုလေးတွေ ပေါ်လာဖို့ မျှော်လင့်တယ်”လို့ ဘားကမ့်ဖြစ်မြောက်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကိုဇော်မျိုးထွဋ်ကပြောပါတယ်။

၂၀၁၃ ခုနှစ် ဘားကမ့်ပွဲပြီးသွားသည့် နောက်ပိုင်းတွင် IT development group ဆိုသည့် အဖွဲ့ပေါ်ပေါက်ခဲ့ပြီး နည်းပညာနဲ့ ပတ်သက်တဲ့ အကူအညီ၊ အခမဲ့ ကွန်ပျုတာ သင်တန်းဖွင့်လှစ်ခဲ့ကြသည့်လှုပ်ရှားမှုတွေရှိခဲ့ကြောင်း ၎င်းကပြောပါတယ်။

အခုလို့ ဘားကမ့်ပွဲမှာ ဒေသခံလူငယ်တွေ ပိုမိုပါဝင်နိုင်ဖို့ ပြည်မြို့ အနီးတ၀ိုက်က ဖြစ်တဲ့ အောင်လံ၊ ပေါင်းတည်၊ ပေါက်ခေါင်းစတဲ့ မြို့နယ်တွေအပြင် ကျေးရွာတွေအထိကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူထား တယ်လို့ သိရပါတယ်။

နဒီကို

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)