အမေရိကန်ပြည်ထောင်စုမှာ အီဘိုလာ (Ebola) ဗားရက်စ်ရောဂါ ကူးစက်ခံရသူတွေ့ရှိ

0
467

အသက်အန္တရာယ် စိုးရိမ်ရတဲ့ အီလိုလာ (Ebola) ဗားရက်စ်ကူးစက်ခြင်းခံရတဲ့ ဒုတိယမြောက် လူနာက သြဂုတ် လ(၅)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပါတယ်။

သူဟာ တောင်အာဖရိကနိုင်ငံမှာ ကူးစက်ခံရခဲ့ရတာဖြစ်ပြီး ဆေးကုသဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် သယ်ဆောင်လာတာပါ။

အသက်(၆၀)အရွယ် နန်စီကို ဆေးကုသရေးအဖွဲ့ရဲ့ လေယာဉ်နဲ့ သယ်ဆောင်လာပြီး Emory တက္က သိုလ်ဆေးရုံကို ပို့ဆောင်ဆေးကုသနေပါတယ်။

သူ့ကို အဖြူရောင်ကူးစက်မှုကို ကာကွယ်တဲ့ ၀တ်စုံနဲ့ ပတ်ထားပြီးနောက် ဆေးရုံကိုခေါ်ဆောင်သွားတာပါ။

နန်စီရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက်(၃၃)နှစ်အရွယ် ဒေါက်တာ Kent Brantly ကလည်း အဲ့ဒီဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

သူတို့နှစ်ဦးဟာ လိုက်ဘေးရီးယား(Liberia)နိုင်ငံမှာ ခရစ်ယာန်ထောက်ပံ့ရေး အဖွဲ့တစ်ခုမှာ အလုပ်လုပ်နေ တာဖြစ်ပြီး အီဘိုလာ(Ebola)ရောဂါ ကူးစက်ခံနေရသူတွေကို ပြုစုစောင့်ရှောက်ပေးနေသူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးကို အမေရိကန်ပြည်ထောင်စုမှာ ခေါ်ယူဆေးကုပေးရင်း Ebola အီဘိုလာ ရောဂါကို လေ့လာနေ ကြပါတယ်။

အီဘိုလာ(Ebola)ရောဂါကြောင့် သေဆုံးသူ(၈၈၇)ဦးရှိနေပြီး ကူးစက်ခံရသူ (၁၆၀၀)နီးပါးရှိရာ ရောဂါဖြစ်ပါက သေဆုံးနိုင်တဲ့ ရာခိုင်နှုန်း(၅၅)ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားပါတယ်။

အီဘိုလာ (Ebola)ရောဂါက လေထဲကနေ မကူးစက်ဘဲ ရောဂါရှိသူရဲ့ ကိုယ်မှ ထွက်တဲ့ အရည်တွေကနေ တစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)