ရာဘာကြိုး၊ ချည်ကြိုး ရက်လုပ်ပြီး လက်ဆောင်ပစ္စည်း ပြုလုပ်ခြင်းကို ကလေးများကြိုက်နှစ်သက်

0
354

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ရောင်စုံ ရာဘာကြိုးတွေ၊ ချည်ကြိုးတွေကို ရက်လုပ်ပြီး လက်ပတ်လေးတွေ၊ လက် ဆောင်ပစ္စည်းလေးတွေ ပြုလုပ်တာကို ကလေးတွေက ကစားစရာအဖြစ် ကြိုက်နှစ်သက်နေကြပါတယ်။ ဒီလို လက်မှုပစ္စည်းလေးတွေက ပြင်သစ်စုံတွဲတစ်တွဲကိုတော့ ဒေါ်လာ ၁ သန်းနီးပါး ပိုင်ဆိုင်အောင် ဖန်တီးပေးနိုင် ခဲ့ပါတယ်။

လီလာနဲ့ သူ့သူငယ်ချင်းတွေက ဒီနှစ်နွေရာသီနဲ့ ကိုက်ညီတဲ့ နောက်ဆုံးပေါ် ဖက်ရှင်အဆင်တန်ဆာတွေကိုပြု လုပ်ဆော့ကစားနေကြပါတယ်။

ချည်ကြိုးတွေက အခုနောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုကနေ စင်ကာပူနိုင်ငံအထိ ကလေးကစာကွင်း တွေမှာ ဆော့ကစားစရာတွေ ဖြစ်လာပါတယ်။

အသက် ၆ နှစ်အရွယ် လီလာက “ဒါဟာ အရမ်းပျော်ဖို့ကောင်းတယ်။ အရမ်းလည်း လှတယ်။ ဖက်ရှင်လည်း ကျတယ်”လို့ ဆိုပါတယ်။

အခုလို ကလေးကစားတဲ့ ချည်ကြိုးတွေကို အမေရိကန်ပြည်ထောင်စုမှာ စတင်တီထွင်ခဲ့တာ ၄ နှစ်နီးပါးရှိပြီဖြစ် ပြီး ပြင်သစ် စုံတွဲတစ်တွဲက ကိုယ်စားအဖြစ်ပြန်လည်ရယူပြီး ရောင်းချခဲ့ရာ တစ်နှစ်ကို ရောင်းအား က ယူရိုငွေ ၈သိန်းလောက်ရှိပါတယ်။

ကလေးကစားတဲ့ ချည်ကြိုး၊ ရာဘာကြိုးတွေကို ရောင်းချတဲ့ Creative Imports ကုမ္ပဏီကို တည်ထောင် ထားသူ Emmanuel Laurencon က “အခုဆိုရင် ကုန်ပစ္စည်းတောင်မရှိတော့ဘူး။ ဒီတလောအတွင်းမှာယူ ထားတဲ့ လူတွေဆီတောင် ပို့ပေးဖို့တောင် ပစ္စည်းမလောက်တော့ဘူး”လို့ဆိုပါတယ်။

ကလေးကစားစရာ ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာလည်း အဲ့ဒီလို ချည်ကြိုး၊ ရာဘာကြိုးလေးတွေက အရောင်း အသွက်ဆုံး ပစ္စည်းဖြစ်နေပါတယ်။

အဲ့ဒီ ကစားစရာ ပစ္စည်းလေးတွေက နွေရာသီ ပိတ်ရက်တွေအထိကို အရောင်းအကောင်းဆုံး ကုန်ပစ္စည်းအဖြစ် ကျန်ရှိနေကာ ဖက်ရှင်လောကမှာတောင် စတင်အသုံးပြုနေကြပြီဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)