(၆၉)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ ကရင်ပြည်နယ် မြ၀တီမြို့တွင် ပြုလုပ်

0
403


ကရင်ပြည်နယ် မြဝတီမြို့မှာ (၆၉)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုန်းပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲနဲ့ ဟောပြောပွဲကို အမှတ်(၃) အလယ်တန်းကျောင်းခွဲမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
ဒီအကြောင်းအပြည်စုံကို MCN သတင်းထောက် ဒေးနိုင်က တင်ဆက်ပေးထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှာ ၆၉ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေနဲ့ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ နဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းကို ကျောင်းသားလူငယ်တွေ သိရှိနားလည်စေဖို့ ဟောပြောပွဲတွေ ပြု လုပ်ခဲ့ပါတယ်။

“၁၉ ရက်နေ့မှာ အာဇာနည်နေ့ရောက်မယ်လေ။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်နေ့ကို ဦးက ကလေးတွေရဲ့ ဦးနှောက်ထဲမှာ ဒီဗိုလ်ချုပ်နှင့်တကွ အာဇာနည်နေ့ကို အမြဲမပျောက်မပျက် အမြဲတမ်းရှိနေဖို့အတွက် အာဇာနည်နေ့ နေ့ထူးနေ့မြတ်ကြီးကို ကလေးတွေ ရဲ့ ရင်ထဲမှာ စွဲမြဲနေဖို့ အဲ့ဒီရည်ရွယ်ချက်နဲ့ ဦးတို့ကနေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေ နိုင်ငံကို မှတ်သားစရာဂုဏ်ယူစရာ ဗိုလ်ချုပ်ရဲ့ လေးစားစရာ၊ဂုဏ်ဒြပ်တွေကို ကျောင်းသားလူငယ်လေးတွေကို ရင်ထဲမှာ အမြဲတမ်း သိနေစေဖို့ သိစေချင်လို့ ဦးတို့အခုလိုလာပြီးဟောပြောတာဖြစ်ပါတယ်”ဟု စာရေးဆရာ ဦးသက်နိုင်ဦး (မြ၀တီ)က ပြောပါတယ်။

ဒီအခမ်းအနားကို မြဝတီမြို့ စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကျင်းပခဲ့တာပါ။ ကျောင်းသား လူငယ်တွေကို လွပ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းအကြောင်းနဲ့ သိသင့်သိထိုက်တာတွေသိလာအောင် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းတွေ သမိုင်းတွေရယ် အာဇာနည်ခေါင်း ဆောင်များရဲ့ သမိုင်းတွေကိုလည်း သိရှိလာရပါတယ်။ ဒီအာဇာနည်ခေါင်းဆောင်များ ဗိုလ်ချုပ်အောင်ဆန်းကဲ့ သို့လည်း လူငယ်လူရွယ်များကလည်း ကျင့်သုံးနိုင်အောင် ကြိုးစားနိုင်အောင်လို့ ဆရာကြီးတွေရဲ့ ဟောပြောပွဲ ကနေ ဗဟုသုတများလည်း ရရှိလာရပါတယ်”လို့ အဋ္ဌမတန်းကျောင်းသူ မသင်းသင်းမိုးက ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ခေါင်း ဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်တွင် အစိုးရပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေးမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)