စိတ်ကူးချိုချိုစာအုပ်တိုက် ၁၅ နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ဈေးရောင်းပွဲကျင်းပ

0
342

စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ (၁၅)နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ အဏ္ဏဝါဓမ္မာရုံမှာ သြဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်အထိ ကျင်းပနေလျက်ရှိရာ စာပေချစ်မြတ်နိုးသူတွေ အများအပြားလာရောက် အားပေးခဲ့ကြပါတယ်။

“စာအုပ်အကုန်းလုံးကိုတော့ ၂၀ ရာခိုင်းနှုန်းဖတ်တဲ့သူတွေကို တစ်ဦးချင်းဝယ်လက်တွေကိုလျှော့ပေးပါတယ်။ ပြီးတော့ သူတို့အနေနဲ့ သိပ်သတိမမိမူသေးတဲ့ စာအုပ်အတော်များများကို တစ်ထောင်ဖိုး (၂)အုပ်(၃)အုပ် ဒါမဟုတ်လည်း(၅)အုပ်အထိရနိုင်အောင် တစ်ကယ် စာအုပ်ကောင်းတွေကိုလည်း လျှော့ချပေးထားပါတယ်”လို့ စိတ်ကူးချိုချိုစာအုပ်တိုက်ပိုင်ရှင် ဦးစန်းကပြောပါတယ်။

စိတ်ကူးချိုချို စာအုပ်တိုက် (၁၀) နှစ်ပြည့်က စတင်ကာ စာအုပ်ဈေးပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပြီး ပွဲတော်ကာလ ဝယ်ယူသူတွေဟာ နှစ်စဉ်များပြားလာတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အမြင် ပြောရရင်တော့ ကျသွားတယ်လို့တော့ မတွေ့ရပါဘူး။ ကျွန်တော်ထုပ်တဲ့ စာအုပ် အရေအတွက်ကလည်း တစ်နှစ်ထက် တစ်နှစ်များလာတာကြောင့်ပဲလား ဒါမှမဟုတ်ရင်လည်း လူတွေလည်း စာပိုဖတ်လာသလားလို့တော့ နှစ်ခုကိုတွေးရမှာပေါ့လေ။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ် အခုနောက်ပိုင်း မှာစာဖတ်လာတဲ့ လူတန်းစားသစ်တွေအများကြီး ပေါ်ထွန်းလာတယ်လိုပဲပြောရမှာပေါ့”လို့ ၎င်းကပြောပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ (၁၅) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေရှိသလို အခြား စာအုပ် (၃၀) ခန့် လည်းထွက်ရှိလာမှာဖြစ်ပါတယ်။

(နိုဗယ်ဇော်၊ သြဂုတ်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်)

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)