Miss Golden Land Myanmar ပြိုင်ပွဲ Titleဆုအတွက် လူရွေးချယ်ပွဲကျင်းပ

0
317

Miss Golden Land Myanmar ၂၀၁၄ ခုနှစ် ပြိုင်ပွဲရဲ့ Title ပြိုင်ပွဲကို ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲရဲ့ Top Model Competition ပြိုင်ပွဲကို သြဂုတ် (၄)ရက်နေ့က ကျင်းပခဲ့ပြီး Title ဆုတွေကို ပေးအပ်
ဖို့ ဆက်လက်ကျင်းပနေတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မော်ဒယ် (၂၅)ယောက်ထဲမှ Title ဆုတွေ ပေးအပ်ဖို့အတွက် ဇကာတင်(၁၀)ယောက်စီကို ရွေးချယ် နေတာပါ။

သြဂုတ်လ(၇) ရက်နေ့ကလဲ Talent ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ Miss Golden Land Myanmar ပြိုင်ပွဲမှ ကမ္ဘာ့အလှမယ်(၅) ပွဲအတွက် Miss Myanmar (၅) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပွဲခွင့်ပြုမှာဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ကျင်းခဲ့ပြီး မော်ဒယ်ခင်ဝင့်ဝါကို နိုင်ငံတကာပြိုင်ပွဲဝင်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)