သြစတီးလျားမှာ ဥရောပတိုက်ရဲ့အကြီးဆုံး AIDS ရန်ပုံငွေဖျော်ဖြေပွဲကျင်းပ

0
344

သြစတီလျားနိုင်ငံ၊ Viennaမြို့မှာ (၂၂)ကြိမ်မြောက် ဥရောပတိုက်ရဲ့ အကြီးဆုံး AIDS ရန်ပုံငွေ ဖျော်ဖြေပွဲကို မေလ(၃၁)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲကိုတော့ AIDS LIFE ပရဟိတအဖွဲ့အစည်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ကို ၁၉၉၂ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲကို ကမ္ဘာကျော် အနုပညာရှင်တွေပါတက်ရောက် ဖျော်ဖြေကြပြီး ဖျော်ဖြေပွဲမှာ AIDS အကြောင်း ပညာပေးတင်ဆက်ခြင်းတို့လည်း ပါဝင်ပါတယ်။

ဖျော်ဖြေပွဲကိုနာမည်ကြီးဒီဇိုင်နာ၊ သရုပ်ဆောင်၊ တေးဂီပညာရှင်၊ မော်ဒယ်တွေနဲ့ နိုင်ငံရေးသမားတွေ အများအပြား တက်ရောက်ကြပါတယ်။

AIDS LIFE အဖွဲ့က HIV ပိုးရှိသူတွေနဲ့ AIDS ရောဂါဖြစ်နေသူတွေကို ထောက်ပံ့နေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)