မိုရိုကို တေးဂီတဖျော်ဖြေပွဲမှာ ဂျက်စတင် တင်းဘာလိုတ်ခ် ဖျော်ဖြေ

0
426

မိုရိုကိုနိုင်ငံ၊ ရာဘက် (Rabat) မြို့မှာ ကျင်းပတဲ့ မော်ဝါဇင် တေးဂီတဖျော်ဖြေပွဲကို အဆိုတော် ဂျက်စတင် တင်းဘာလိုတ်ခ် (Justin Timberlake) ပါဝင် ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်သောင်းပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

မော်ဝါဇင်တေးဂီတဖျော်ဖြေပွဲကို လာရောက်ဖျော်ဖြေသူ ပြင်သစ် အဆိုတော် Ben I’oncleSoul က “ကျွန်တော် ဒီကိုလာဖျော်ဖြေရတာ အရမ်းပျော်တယ်။ ဒါဟာအရမ်းအရေးကြီးတဲ့ဖျော်ဖြေပွဲတစ်ခုပါ။ နိုင်ငံပေါင်းများစွာက ကမ္ဘာကျော် အဆိုတော်တွေပါ လာရောက်ဖျော်ဖြေကြတာကြောင့် ယဉ်ကျေးမှုတွေလည်း ဖလှယ်လို့ရတယ်။ ဥရောပတေးဂီတပုံစံ၊ အာဖရိကတေးဂီတပုံစံ စတဲ့ပုံစံမျိုးစုံကို ခံစားလို့ရတယ်” လို့ဆိုပါတယ်။

(၁၃) ကြိမ်မြောက် ကျင်းပတဲ့ မော်ဝါဇင်တေးဂီတဖျော်ဖြေပွဲကို မေလ (၃၀) နဲ့ (၃၁) ရက်တို့မှာ ကျင်းပတာဖြစ်ပါတယ်။

ဂျက်စတင် တင်းဘာလိတ်ခ်ကတော့ မေလ (၃၀) ရက်နေ့မှာ သွားရောက်ဖျော်ဖြေခဲ့တာပါ။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)