အထက်မြန်မာပြည် ဓာတ်ပုံအသင်း ၄၂ ကြိမ်မြောက်ဓာတ်ပုံဆုပေးပွဲကျင်းပ

0
417

အထက်မြန်မာပြည် ဓာတ်ပုံအသင်း ၄၂ ကြိမ်မြောက် နှစ်ပတ်လည် ဓာတ်ပုံဆုပေးပွဲကို မေလ(၂၆)ရက်နေ့ ညနေ ၅နာရီခွဲအချိန်မှာ မန္တလေးမြို့၊ အိုရီယမ်တယ်ဟောက်စ်ခန်းမမှာ ပြုလုပ်ခဲ့တာပါ။

ဒီနှစ်အတွက် ဓာတ်ပုံဆုပေးပွဲမှာတော့ အကောင်းဆုံး ဓာတ်ပုံပညာရှင်ဆုကို ကိုမင်းမင်းထွန်းက ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာတော့ ရှု့ချင်စဖွယ်(အဖြု-အမဲ) ဓာတ်ပုံဆု၊ ရှုချင်စဖွယ် (ရောင်စုံ) ဓာတ်ပုံဆု၊ မော်ဒယ်(ရောင်စုံ) ဓာတ်ပုံဆု၊ သဘာဝလေ့လာချက် ဓာတ်ပုံဆု၊ စိတ်ကြိုက်ဒစ်ဂျစ်တယ် ဓာတ်ပုံဆုနဲ့ ၂၀၁၃ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံပညာရှင်ဆု စတဲ့ခေါင်းစဉ်တွေနဲ့ ဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ တာပါ။

“ဓာတ်ပုံပြိုင်ပွဲတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်သင့်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဓာတ်ပုံ ရိုက်တာ၂ နှစ်ပဲရှိပါသေးတယ်။ ပြိုင်ပွဲကို ပြိုင်ဖို့အခါကျရင် လူငယ်တွေက လက်တွန့်နေကြတာပေါ့။ အရှေ့မှာ စီနီယာတွေရှိတဲ့အခါမှာ မပြိုင်ရဲကြဘူး။ တကယ်တမ်း ဓာတ်ပုံပြပွဲက ပြိုင်ရဲဖို့ပါပဲ”လို့ ကိုမင်းမင်း ထွန်းက အခုလိုပါတယ်။

ဓာတ်ပုံအသင်းတွေအနေနဲ့ ပြိုင်ပွဲတွေ ဆုပေးပွဲတွေ ပြုလုပ်ပေးတာဟာ မျိုးဆက်သစ်လူငယ်တွေ ဓာတ်ပုံ ပညာကို စိတ်ပါဝင်စားသူတွေအတွက် အခွင့်အရေးရရှိစေတယ်လို့ ဆုရဓာတ်ပုံဆရာတစ်ချို့က လည်း ပြောခဲ့ကြပါတယ်။

“အသိပညာ၊ အတတ်ပညာတွေ ဖလှယ်တဲ့ ပွဲဖြစ်တဲ့အတွက် လူငယ်နောက်ပိုင်း လေ့လာတဲ့ ဓာတ်ပုံဆရာ တွေအတွက် အကျိုးရှိတဲ့ ပြိုင်ပွဲလေးတစ်ခုပါ” လို့ ဓာတ်ပုံ ကျော်ဝင်းလှိုင်(ယဉ်ကျေးမှုတက္ကသိုလ်) ကလည်း ပြောခဲ့ပါတယ်။

အထက်မြန်မာပြည် ဓာတ်ပုံအသင်းဟာ ၁၉၇၂ခုနှစ်လောက်နေ စတင်ပြီး နှစ်စဉ် နှစ်ပတ်လည် ဓာတ်ပုံဆု ပေးပွဲကို ကျင်းပလာခဲ့တာဖြစ်ပြီး အသင်းကနေ အခါအားလျော်စွာ ခေါင်းစဉ်တွေ သတ်မှတ်ပြီးတော့ ဓာတ်ပုံပြိုင်ပွဲတွေကိုလည်း ဦးဆောင်ကျင်းပလေ့ရှိပါတယ်။

သဲဟေမာန်မောင်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)