ဝသန်ရုပ်ရှင်ပွဲတော်အတွက် ရုပ်ရှင်တွေ ဇွန်လနောက်ဆုံးထားပေးပို့ရမယ်

0
345

စက်တင်ဘာလမှာ ကျင်းပမယ့် ၀သန်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြသမယ့် ရုပ်ရှင်ကား တွေကို ဇွန်လကုန်မှာ နောက်ဆုံးပေးအပ်ရမှာဖြစ်ပါတယ်။

ဝသန်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေထဲက စကာတင်ကားအဖြစ် ကားပေါင်း (၂၀)နီးပါးကို ရွေးချယ်လေ့ရှိပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရင်တော့ ကြာချိန် (၁၅)မိနစ်ထက် မကျော်လွန်ရဘဲ မှတ်တမ်း ရုပ်ရှင်က မိနစ်(၃၀)ထက် မပိုရပါဘူး။

အဲ့ဒီလို ရုပ်ရှင်ပွဲတော်တွေ ကျင်းပခွင့်ရလာတာကြောင့် ရုပ်ရှင်ဖန်တီးသူ လူငယ်တွေအတွက် အခွင့်အရေးတွေလည်း ရရှိလာပါတယ်။

“အဓိကက networking ဖြစ်သွားတယ်၊ အရင်က အမတို့တွေ တစ်ကွဲတစ်ပြားစီဖြစ်နေကြတယ်၊ ကိုယ့် ဘာကိုယ်လုပ်ဖြစ်နေတယ်၊ ၀သန်ရုပ်ရှင်ပွဲတော် ဖြစ်သွားတဲ့ အခါကျတော့ ဒီလူတွေ အကုန်လုံးကို စုမိ သလိုဖြစ်သွားတယ်။ ကိုယ်ဖန်တီးထားတာတွေ သိထားတာတွေကို share လုပ်လို့ရတယ်”လို့ ၀သန်ရုပ်ရှင်ပွဲတော်က Festival Director မသူသူရှိန်ကပြောပါတယ်။

ဝသန်ရုပ်ရှင်ပွဲတော်ကို လာရောက်ကြည့်ရှု့သူဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး ၂၀၁၃ခုနှစ်မှာ လူပေါင်း (၂)ထောင် (၆)ရာကျော် လာရောက်ကြည့်ရှုကြပါတယ်။

“ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်သူရှိတယ်၊ ဘယ်သူကူညီနိုင်တယ် အချင်းချင်း ပြန်ပြီးကူညီကြတာပေါ့။ အရမ်းကို လူငယ်တွေအတွက် ပိုပြီးကောင်းလာတယ်”လို့ မသူသူရှိန်က အခုလိုပြောပါတယ်။

အရင်တုန်းက documentary တွေက ၀ါဒဖြန့်တွေ၊ ခရီးသွားတွေရှိပြီး အခုနောက်ပိုင်း documentary များကတော့ လူ့ဘ၀နဲ့ပိုနည်းစပ်တဲ့အတွက် ပရိသတ်တွေကလည်း ပိုကြိုက်လာကြတာပါ။ ၀သန်ရုပ်ရှင်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး (၂၀၁၁)ခုနှစ်မှာရုပ်ရှင်ကား (၂၀)ကျော်၊ (၂၀၁၃)ခုနှစ်မှာ (၄၀)ကျော်ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။

အဲ့ဒီရုပ်ရှင်ပွဲကို(၂၀၁၁)ခုနှစ်ကတည်းက စတင်ကျင်းပလာတာဖြစ်ပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆု၊ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆုနဲ့ အတွေးအမြင်ဆန်းသစ်ဆု တို့ကိုချီးမြှင့်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)