A Most Violent Year ရုပ်ရှင်ဇာတ်ကားအကြောင်း

0
331

ဒီတစ်ပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ ဒီတစ်ပါတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ A Most Violent Year ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အမေရိကန် ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာစတင်ပြသနေပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့မိသားစုတစ်စုဟာ သူတို့ရဲ့ လုပ်ငန်းတွေကို နဂိုထက်ပိုမို ချဲ့ထွင်ဖို့ကြိုးစားရင်း ခြိမ်းခြောက်ခံရာတွေ၊ အကြမ်းဖက်ခံရတာတွေနဲ့ မိသားစုပြဿနာတွေကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားပြသချိန်ဟာ ၁၂၅ မိနစ်ကြာမြင့်ပြီး ကုန်ကျစရိတ်အနေနဲ့ကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်သုံးစွဲထားတာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ ဂျေစီ ချန်ဒေါက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြတဲ့ အော်စကာ အိုင်းဆက်၊ ဂျက်ဆီကာ ချန်စတိန်၊ အလက်ဇန်းဒယိုး နီဗိုလာ၊ အလ်ဘက် ဘရွတ်တို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကို Film Nation Entertainment မှထုတ်လုပ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)