ဗလင်စီယာမြို့မှာ ခရမ်းချဉ်သီးနဲ့ ပစ်ပေါက်တဲ့ ကစားပွဲတော်ကျင်းပ

0
310

စပိန်နိုင်ငံ၊ ဗလင်စီယာမြို့မှာ တစ်ဦးနဲ့တစ်ဦး ခရမ်းချဉ်သီးနဲ့ ပစ်ပေါက်ဆော့ကစားတဲ့ပွဲတော်ကို သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မြို့ခံပြည်သူတွေသာမက ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ဆင်နွှဲခဲ့ကြကာဒီပွဲကို ၁၉၄၅ ခုနှစ်မှာ စတင် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်မှုမရှိစေရန်အတွက် ခရမ်းချဉ်သီးကိုချေပြီးမှသာ ပစ်ရမှာဖြစ်ကာ ပစ်ပေါက်ကစားဖို့ အသုံးပြုတဲ့ ခရမ်းချဉ်သီးတွေကိုတော့ ကားကြီးတွေနဲ့ တင်ဆောင်ကာ ဝေပေးတာလည်းဖြစ်ပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန် နဲ့ ဂျပန်အပြင် အခြားနိုင်ငံများမှလည်း အများအပြား ပါဝင်ဆင်နွှဲ ခဲ့ကြပြီး ပွဲတော်အတွက် ခရမ်းချဉ်သီးယူရို ၁၇၀,၀၀၀ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)