နိုဗယ်မြန်မာစာပေပွဲတော် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပမည်

0
286

နိုဗယ်ဆုရရှိထားကြသူတွေကို ဖိတ်ခေါ်ကာ ဟောပြောပွဲများ ပြုလုပ်သွားမည့် နိုဗယ်မြန်မာ စာပေပွဲတော်ကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီစာပေပွဲတော်ကို နော်ဝေနိုင်ငံက Freedom of Expastion အဖွဲ့အစည်းက ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

“Noble Myanmar လို့ကျွန်တော်တို့ Subtitle သို့မဟုတ် ဒီပွဲရဲ့ Theme ပေါ့။ Theme အနေနဲ့ က Literature for Peace လို့ ပေးထားပါတယ်။ Literature နဲ့ဆိုင်တဲ့ Peace တစ်စိတ်တစ်ပိုင်းဆိုင်မှာဘဲ Literature က အဓိက Peace ကပေါင်းစပ်တာဖြစ်တယ်။ Peace Price Winner တွေရော Literature Price winner တွေရော ပေးဖို့ရာထားပါတယ်။ အနည်းဆုံး   လေးငါးခြောက်ယောက်လောက်ဖြစ်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါ တယ်။ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ အခြေခံပြီး ဆွေးနွေးပွဲတွေကို အများသိတဲ့အတိုင်း လုပ်ဆောင်သွားမှာပါ”လို့ ဦးဖေမြင့် က ပြောပါတယ်။

နိုဗယ်မြန်မာစာပေပွဲတော် ဖြစ်မြောက်ရေးအတွက် ကျင်းပရေး ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ပြည်တွင်းက စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ်ဇင်းသမား၊ အယ်ဒီတာ၊ စာကြည့်တိုက်ပညာရှင်၊ ပန်းချီပညာရှင်၊ ကာတွန်း ဆရာ၊ စာအုပ်စာနယ်ဇင်း ထုတ်ဝေသူတွေနဲ့ စာပေရေးရာကိစ္စတွေကို စိတ်အားထက်သန်သူတွေနဲ့ ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

“Noble စာပေပွဲတော်ဆိုရင် ငြိမ်းချမ်းရေး Noble ဆုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မုချဖိတ်ကြားရမှာပါ။ သူမပါဘဲနဲ့ ပွဲကမပြီးပါဘူး။ ဒီကိစ္စဟာ ရှင်းရှင်းလင်းလင်းနဲ့ ခွင့်ပြုချက်ရအောင်ဆိုပြီးတော့ ဒီသက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ဆက်သွယ်ပြောဆိုတဲ့ အခါရပါတယ် လုပ်ပါ စာသာသေချာတင်ပေးပါလို့ပြောပါတယ်။ တစ်ကြိမ် နှစ်ကြိမ်လည်း ပြောပြီးပြီဆိုတော့ သေချာပြီလို့ပြောလို့ရပါတယ်”လို့ ၎င်းကပြောပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ ကျင်းပတဲ့ ဒီစာပေပွဲတော်မှာ ကဏ္ဍစုံလင်အောင် ထည့်သွင်းကျင်းပ သွားမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)