နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တေး ဒီဗီဒီကာရာအိုကေထွက်ရှိမည်

0
297

မန်မာ့ရိုးရာယဉ်ကျေးမှုကို အခြေခံထားတဲ့ နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တေး ဒီဗီဒီကာရာအို ကေ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

မြန်မာတို့ရဲ့အလှူခံနဲ့ အလှူခံပါဗျို့ ဒီဗီဒီကာရာအိုကေမှာတော့ အလှူခံ၊ အလှူခံပါဗျို့၊ အလှူပွဲကြီးနီးလာပြီ အစရှိတဲ့ တေးသီချင်းများ အပါအ၀င် တေးသီချင်း(၁၀)ပုဒ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဆိုပါ တေးသီချင်း အခွေမှာတော့ တေးဆိုအနေနဲ့ဝေမိုးက ပင်တိုင်အဆိုတော် အဖြစ် သီဆိုပေးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၀ါတွင်းကာလနှင့် ၀ါတွင်းမဟုတ်သည့် အလှူအတန်း ပွဲလမ်းသဘင်များ ဆောင်ရွက်မယ်ဆိုပါက အကျိုးတော်ဆောင် လူကြီးလူငယ်များဟာ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ တစ်လမ်းဝင် တစ်လမ်းထွက် နေ့မအားညမနား မိမိကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အဲဒီ့လို အကြောင်းလေးတွေကို အကြောင်းပြုပြီး အလှူခံထွက်သည့်အခါ အလှူအတန်း အတွက် နှုတ်ကနေ နှိုးဆော်နေမယ့်အစား သီချင်းလေးနဲ့ နှိုးဆော်ပြီး အလှူခံထွက်ရင် ပိုသင့် တော်မယ်လို့တွေးပြီး ယခုလိုစီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တေးစီးရီးကို ဒါရိုက်တာ အောင်ကျော်ဇောနဲ့ ကြည်ဝင်း(စက်မှုဇုန်)တို့က ပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး မော်ဒယ် မောင်နှမများနဲ့ ပရဟိတ အကျိုးတော်ဆောင်များက ၀င်ရောက် အားဖြည့်ပေးထားတာဖြစ်ပါတယ်။

တေးစီးရီးဖြန့်ချီမှုကိုတော့ ရတနာစိန် ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)