ကိုရီးယား Organization ကတောင်းပန်မှ သရဖူကိုပြန်လည်ပေးအပ်သွားမည်

0
320

Miss Asia Pacitic ဆုရုပ်သိမ်းခံထားရတဲ့ မော်ဒယ်မေမြတ်နိုးက ကိုရီးယားနိုင်ငံ Miss Asia Pacitic Organization ကို မြန်မာနိုင်ငံနဲ့ သူမကိုတောင်းပန်မှသာ သရဖူကို ပြန်လည်ပေးအပ်သွားမယ်လို့ ပြောပါတယ်။

“ဒီလိုမျိုး မြန်မာအမျိုးသမီးတစ်ယောက် ဂုဏ်သိက္ခာကို ရိုက်ချိုးပစ်တယ်။ မြန်မာနိုင်ငံကို စော်ကားတဲ့ Organization ကပေးတဲ့ဆုကို သမီးမလိုလားပါဘူး။ လိုလည်းမလိုချင်ပါဘူး။ ဖြစ်နိုင်ရင် အခုတောင် ပြန်သွား ပေးချင်ပါတယ်။ Organization က   ပယ်ဖျက်ဖို့တွေ့ မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းတွေ လိမ်လည် မှုတွေ စွပ်စွဲမှုတွေနဲ့ စွပ်စွဲပြီးတော့ မေမြတ်နိုးက Crown ကိုခိုးပြီးတော့ ပြန်သွားပါတယ် ဆိုတာကို ရေးထား တာက မေမြတ်နိုးလို့မဟုတ်ဘဲနဲ့ မြန်မာအလှမယ်တစ်ဦးလို့ ရေးထားတာ မြန်မာနို်င်ငံကို စော်ကားတာနဲ့ အတူ တူပါပဲ။ သူတို့ဘက်က သမီးအမှားပါဆိုပြီးတော့ လွှဲချပြီးတော့ မြန်မာနိုင်ငံကို ရှုံချတဲ့စကားတွေလည်း နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ အဲ့လိုမျိုး တောင်းပန်စာပေးရင်တော့ ဒီ Crown ကို     မြန်မာနိုင်ငံက သက်ဆိုင်ရာလူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောပြချင်ပါတယ်”လို့ မေမြတ်နိုးက ပြောပါ တယ်။

Miss Asia Pacitic Organization က မြန်မာအလှမယ်အနေနဲ့ သရဖူကို ခိုးယူသွားပြီး စာချုပ်ပါ စည်းကမ်းချက် တွေကိုလည်း ပျက်ကွက်ခဲ့တာမို့ Miss အဖြစ်က ပြန်လည်ရုပ်သိမ်းခဲ့ပြီး သရဖူကို မြန်မာနိုင်ငံက National Directorကို ပြန်လည်ပေးအပ်ဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်စာကို မေမြတ်နိုး မြန်မာနိုင်ငံကိုပြန်ဖို့ လေယာဉ်ပေါ်ရောက်မှသာ ထုတ်ပြန်ခဲ့တာမို့ ခိုးယူလာခဲ့ခြင်း မဟုတ်ဘဲ ယုံကြည်မှုမရှိတဲ့အတွက် National Directorကို ပြန်လည်ပေးအပ်မှာ မဟုတ်ဘဲ ကိုရီးယားနိုင်ငံ က Organization ကိုသာ တိုက်ရိုက်ပြန်လည် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

မေမြတ်နိုးဟာ Organization ကထုတ်ပြန်ထားမှုတွေကိုလည်း ငြင်းဆိုသွားပြီး မိခင်အနေနဲ့လည်း Visa ကို မဟုတ်မမှန်ရရှိအောင် ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ ကိုရီးယားသံရုံးက တရားဝင်(၃)လနေထိုင်ခွင့်ပေးခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။

မေမြတ်နိုးကို အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုတော့မှာ မဟုတ်ဘဲ ပညာရေးသာ ဆက်လက်လုပ်ဆောင် သွားစေချင်တယ်လို့ မေမြတ်နိုးရဲ့ ဖခင်ဦးကျော်လွင်က ဆိုပါတယ်။

“ကျွန်တော်ကတော့ မလုပ်စေချင်တော့ဘူး။ ဘာမဟုတ်တာနဲ့ သမီးကိုဖြေရှင်းရတာရော သိက္ခာပိုင်းရော အများကြီးပေါ့။ အဲဒါကြောင့် ကျွန်တော်က အစောကြီးထဲက သမီးကိုပညာတတ်ဖြစ်စေချင်တယ်။ ပညာပဲတတ် အောင်သင်စေချင်တယ်”လို့ ဦးကျော်လွင်ကပြောပါတယ်။

Miss Asia Pacitic Organization ကထုတ်ပြန်ကြေညာထားတာတွေနဲ့ ပတ်သက်ပြီး မေမြတ်နိုးက ပြည်တွင်း ပြည်ပမီဒီယာတွေကို စက်တင်ဘာလ(၂)ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)