ဆရာဝန်ခွင့်ပြုချက်မရဘဲ ဆေးရုံဆင်းခဲ့တဲ့ ကလေးငယ်၏ မိဘတွေကို တရားစွဲဆို

0
314

စပိန်နိုင်ငံမှာ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်ကို ဆရာဝန်တွေရဲ့ ခွင့်ပြုချက်မရဘဲ ဆေးရုံကနေဆင်းခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက မိဘတွေကိုတရားစွဲဆိုသွားမယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

ဦးနှောက်အမြှေးရောင်ရောဂါ ဝေဒနာခံစားနေရတဲ့ အသက် ငါးနှစ်အရွယ် ဗြိတိန်ကလေးငယ်တစ်ဦး ဖြစ်သူအ က်ရှ်ယာကင်းအနေနဲ့ လက်ရှိစပိန်နိုင်ငံဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူလျက်ရှိနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ခွဲစိတ်မှုပြုလုပ်ထားတာဖြစ်ကာ သက်ဆိုက်ရာ ဆရာဝန်တွေအနေနဲ့ အနီးကပ်စောင့်ကြည့် လျက်ရှိနေတာလည်း ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ မိဘတွေဖြစ်တဲ့ ဘရက်ဒ်နဲ့ နာဟီမက်ကင်းတို့ကို စပိန်နိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး ခုလိုလုပ်ဆောင်ခဲ့မှုနဲ့ပတ်သက်ပြီး တရားရုံးမှာအမှုကို ရင်ဆိုင်သွားရမှာလည်းဖြစ် ပါတယ်။

ခွဲစိတ်ပြီး ကလေးငယ်အနေနဲ့ လောလောဆယ်အနေအထားမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် ခုလိုလုပ်ဆောင်ခဲ့တာဟာ မိဘတွေအနေနဲ့ရက်စက်ရာကျလွန်းတယ်လို့ တာဝန်ရှိသူတစ်ဦးက မီဒီယာများနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ဗြိတိန်၊ ပြင်သစ် နဲ့ စပိန် ပူးပေါင်းရဲတပ်ဖွဲ့ဟာ ကလေးငယ်ရဲ့ မိဘတွေဖြစ်တဲ့ဘရက်ဒ်နဲ့ နာဟီမက် ကင်းတို့နှစ်ဦးကို အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာမှာ စပိန်နိုင်ငံတောင်ပိုင်းက guesthouse တစ်ခုကနေ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)