တင်ဇာမော်ရဲ့ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ တောင်ကြီးမှာ လုပ်မယ်

0
472

တေးသံရှင်တင်ဇာမော်ရဲ့ တတိယအကြိမ်မြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ တောင်ကြီးမြို့မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အေးမြတ်က ပေးပို့ထားပါတယ်။

မြန်မာပြည်ကို ပြန်ရောက်လာကတည်းက အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်လာတဲ့ တင်ဇာမော်အနေနဲ့ ပြီးခဲ့တဲ့ လတွေက တစ်ကိုယ်တော်ဖျော်ဖြေမှုတွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တွေမှာ ပြုလုပ်ခဲ့ပါတယ်။

ပရိသတ်အခိုင်မာရရှိထားတဲ့ တင်ဇာမော်အနေနဲ့ အခုထပ်မံပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အဝေရာ(မီးပုံးပျံ)ကွင်းမှာ ပရိသတ်တွေအတွက် တတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဇွန်လ(၁၈)ရက်နေ့မှာ ဖျော်ဖြေသွားမှာပါ။

တောင်ကြီးမြို့ရဲ့ ဖျော်ဖြေပွဲမှာတော့ တေးသံရှင် တင်ဇာမော်နဲ့အတူ တေးသံရှင် စည်သူလွင်၊ ဟန်ထွန်း၊ ဖြိုးပြည့်စုံ၊ မီမီဝင်းဖေ၊ ချောစုခင်စတဲ့ တေးသံရှင်တွေက ပါဝင်ဖျော်ဖြေကြမှာပါ။
တေးသံရှင်တင်ဇာမော်ရဲ့ သီချင်းအပုဒ်ရေ (၃၀)ကို သီဆိုဖျော်ဖြေသွားမှာဖြစ်သလို နာမည်ကြီးလူကြိုက်များနေဆဲဖြစ်တဲ့ သီချင်းတွေကို ရွေးချယ်သီဆိုသွားချင်တယ်လို့ ပြောပါတယ်။

ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုတော့ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်၊ သုံးသောင်းကျပ်သတ်မှတ်ထားပြီး တောင်ကြီး ၊ အောင်ပန်းနဲ့ ကလောမြို့တွေမှာ ၀ယ်ယူနိုင်မှာပါ။ တေးသံရှင်တင်ဇာမော်အနေနဲ့ လတ်တလောမှာတော့ မန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအခွေကို ဖြန့်ချိနိုင်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)