အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက်မှု ၃၁ နှစ်ပြည့်မြောက်

0
322

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးအဖြစ်လာရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူဝမ်(Chun Doo Hwan) ရဲ့ခရီးစဉ်အတွင်းအာဇာနည်ဗိမာန်မှာ ဖြစ်ပွားခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ရပ်ဟာ ၂၀၁၄ ခုနှစ်မှာဆိုရင်တော့ ၃၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ တောင်ကိုရီးယားနိုင်ငံသံရုံးက ကြီးမှူးပြီး ဇွန်လ ၆ ရက်နေ့မှာ နှစ်ပတ်လည်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာဆိုရင်တော့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေတက်ရောက်ခဲ့ကြတာပါ။

အဲ့ဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပီး ၄င်းတို့ထဲမှတစ်ဦးက သူတို့ကို မြောက်ကိုရီးယားစစ်ခေါင်းဆောင်တစ်ဦးကစေခိုင်းခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် တောင်ကိုရီယားနိုင်ငံခြားရေးဝန်ကြီး lee Bean Seok လီဘင်ဆောက် ၊ စီးပွားရေးနဲ့ ဒုတိယ၀န်ကြီးချုပ် ဆက်ရှူဂျောင် Suh Suk Joan၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Kim Dong Whie ကင်မ်ဒေါင်ဝီ တို့အပါအ၀င် လူ ၁၆ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုချစ်ကြည်ရေးလာရောက်ခဲ့တဲ့ သမ္မတချန်ဒူဝမ်ဟာ မြန်မာ့အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုသွားရောက် ဂါရ၀ပြုဖို့စီစဉ်ထားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်မှာတော့ အာဇာနည်ဗိမာန်ကို အနည်းငယ်နောက်ကျမှ ရောက်ရှိခဲ့လို့ လွတ်မြောက်ခဲ့ပါတယ်။

AFP

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)