မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသား/သူတွေ ပထမဆုံးသွေးလှူ

0
410

မန္တလေးမြို့၊ ဒဟက်တော ကွန်ပျူတာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၀ ကျော်တို့က မြတ်ပါရမီသွေးလှူအဖွဲ့နဲ့ ပူးပေါင်းပြီး ဇွန်လ ၁ ရက်နေ့က မန္တလေးဆေးရုံကြီးသွေးလှူဘဏ်မှာ ပထမဆုံး အကြိမ်အနေနဲ့ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်။

“သွေးလှူတယ်ဆိုတာ သူများတွေကတော့ ကြောက်ကြတယ်။ ကူးဆက်ရောဂါတွေ ရရှိနိုင်တယ်ဆိုပြီး ကြောက်စိတ်တွေ ရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုးတွေ မရှိပါဘူး။ သွေးဖောက်ချိန်မှာ နာပေမယ့် အဲ့ဒီအချိန်မှာ ခံစားရတဲ့ ကိုယ့်ရဲ့ ပီတိက ကိုယ့်သွေးကြောင့် သူတစ်ပါး အသက်ရှင်ရမယ်၊ ကိုယ့်သွေးက သူတပါး ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေလိမ့်မယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့ မလဲနိုင်တဲ့ ခံစားချက်ပါပဲ။ အဲ့ဒါကြောင့် တခြားသူငယ်ချင်းတွေကိုလည်း သွေးလာလှူကြပါလို့ ကျွန်မပြောချင်ပါတယ်ရှင်။”

လက်ရှိမှာတော့ မြတ်ပါရမီသွေးလှူအဖွဲ့ကနေ လစဉ် စုပေါင်းသွေးလှူဒါန်းမှုတွေကို ပြုလုပ်နေပြီး လစဉ် သွေးပုလင်းပေါင်း ၃၀၀ လောက် ပုံမှန်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

“စုပေါင်းသွေးလှူဒါန်းပွဲတွေ လုပ်တယ်ဆိုရင်တော့ ဦးဇင်းတို့အနေနဲ့ တစ်လကို သွေးပုလင်းပေါင်း အလုံး ၅၀၀ လောက် ပုံမှန်လှူဒါန်းပေးနေပါတယ်။ အဲ့ဒီသွေးပုလင်းတွေကိုတော့ ဒီမန္တလေးဆေးရုံကြီးတစ်ခုတည်းမှာ မဟုတ်ပဲ မန္တလေးမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးတွေ၊ သားဖွားဆေးရုံတွေ၊ ပြင်ပပုဂ္ဂလိကဆေးရုံတွေကို ဦးဇင်းတို့ အဓိက ထားပြီး လှူဒါန်းပေးနေပါတယ်။”

နောက်ပိုင်းတွေမှာလည်း မြတ်ပါရမီသွေးလှူအဖွဲ့အနေနဲ့ လစဉ် သွေးပုလင်းပေါင်း ၅၀၀ လောက် လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သွေးလှူအသင်း ဦးဆောင်သံဃာတော်တွေက မိန့်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)