ပထမအကြိမ် လူငယ်အလင်းပြသင်တန်းပြီးဆုံး

0
466

မန္တလေးမြို့ခံလူငယ်တွေအတွက် လူငယ်ရေးရာ ဘာသာရပ်တွေကိုပို့ချတဲ့ လူငယ်အလင်းပြသင်တန်းဟာ မေလ ၂၅ ရက်နေ့က ပြီးဆုံးခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာတော့ ဗြဟ္မစိုလူမှုကူညီရေးအသင်းမှာ သင်တန်း ဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသတင်တန်းကိုတော့ Dedicated Next Generation အဖွဲ့ကနေဦးဆောင်ပြီး ဖွင့်လှစ်ပို့ချခဲ့တာပါ။

ဒီလူငယ်အလင်းပြသင်တန်းမှာတော့ လူငယ်တွေအတွက် ခေါင်းဆောင်မှုစွမ်းရည်၊ ရည်မှန်းချက်များရေး ဆွဲခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရေး၊ ပြည်သူ့နိတိ၊ ပေါင်းသင်းဆက်ဆံရေးစတဲ့ ဘာသာရပ်တွေအလိုက် သင်ကြားခဲ့သလို အပြန်အလှန်ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ Dedicated Next Generation အဖွဲ့ သင်တန်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သင်တန်းကာလအတွင်းမှာ ကျွန်မတို့ သီတင်းပတ် ၈ ပတ် သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒီကာလတွေအတွင်းမှာတော့ ခေါင်းဆောင်မှုစွမ်းရည်၊ ရည်မှန်းချက်များ ရေးဆွဲရေးနှင့် အကောင်အထည်ချမှတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ ဝေဖန်စဉ်းစားချင့်ချိန်မှုစွမ်းရည်၊ ပြည်သူ့နီတိ၊ အခြေခံကျန်းမာရေးပညာ၊ အခြေခံအင်္ဂလိပ်စာစတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒါအပြင် သင်တန်းကာလအတွင်းမှာ စာသင်တယ်ဆိုတာထက် ကျောင်းသူကျောင်းသားတွေနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ၊ အဲ့ဒါတွေအပြင် ပြင်ပလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။”

သင်တန်းဆင်းပွဲမှာပဲ စာရေးဆရာညီပုလေးက သင်တန်းဆင်းလူငယ်တွေအတွက် ဟောပြောမှုတွေကို လည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ သင်တန်းဆင်းလူငယ်တွေအနေနဲ့ အများအပေါ် ကိုယ်ကျိုးစွန့် အနစ်အနာခံတက်တဲ့ စိတ်ဓာတ်တွေ မွေးမြူကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီသင်တန်းကို မန္တလေးမြို့၊ ဗြဟ္မစိုလူမှုကူညီရေးအသင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကနေစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်သင်တန်းလည်းဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ခွင့်ရရှိခဲ့တဲ့ အပေါ် သင်တန်းဆင်း ကျောင်းသူတစ်ဦးက

“ကျွန်မ ဒီသင်တန်းကိုတတ်တာကတော့ အစပိုင်းတုန်းက အရမ်းရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီသင်တန်းကနေ ကိုယ့်အတွက် အပြင်မှာ သင်ကြားလို့မရတဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်တွေ၊ ပေါင်းသင်းဆက်ဆံရေးဘာသာရပ်တွေကိုသင်ပေးတော့ ကိုယ့်အတွက် အရမ်းကို တန်ဘိုးရှိတဲ့ အတွက် ကျွန်မ ဒီသင်တန်းကို တတ်ရတာ အရမ်းကို ကျေးနပ်ပျော်ရွှင် အားရမိပါတယ်။” လို့ ပြောပါတယ်။

နောက်ပိုင်းမှာလည်းDedicated Next Generationအဖွဲ့ကနေ သင်တန်းဆင်းလူငယ်တွေနဲ့ ဆက်လက်ပြီး လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ရှိနေပါတယ်။

နဒီကို

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)