ဟာကြူလီ (Hercules ) ရုပ်ရှင်ဇာတ်ကား ဇူလိုင်လကုန် အမေရိကန်မှာ ရုံတင်ပြသမယ်

0
410

 

အဲဒီရုပ်ရှင်ကားကို ဇူလှိုင်လ ၂၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကားဟာ ဂရိသူရဲကောင်းဟာကြူလီစ်(Hercules) အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဟာကြူလီစ်(Hercules)ဟာအာဏာလိုချင်တဲ့ တပ်ဖွဲ့တွေရဲ့ လက်ထဲကနေ တရေ့စ်(Thrace) နိုင်ငံရဲ့ သွေးချောင်းစီးမယ့် ပြည်တွင်းစစ်ကိုသူရဲ့ သူရဲကောင်း ၁၂ ယောက်နဲ့ အတူကယ်တင်ခဲ့ပြီး ထီးနန်းကို ပြန်လည်ရယူခဲ့ပြီး တရေ့စ်(Thrace ) နိုင်ငံရဲ့ဘုရင်ကို ပြန်လည်ပေးအပ်တဲ့ ဇာတ်ကြောင်း ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။

အဲဒီရုပ်ရှင်ကားကို ဒါရိုက်တာ Brett Ratner (ဘရပ် ရက်နာ)က ရိုက်ကူးထားတာဖြစ်ပြီးသရုပ်ဆောင် ဒ၀င်းဂျွန်ဆင်(Dwayne Johnson)၊ ဂျွန်ဟက် (John Hurt)၊ ၊ အင်မက်ရှိန်း(Ian McShane)တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

“ဟာကြူလီ(Hercules )ဇာတ်ကောင်နေရာမှာ အသက်ဝင်အောင် သရုပ်ဆောင်နိုင်ဖို့ (၈)လလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတယ်။ တစ်သက်လုံးမှာ တစ်ခါမှ အဲဒီလောက် အပြင်းအထန် မလေ့ကျင့်ခဲ့ရဘူး”လို့ သရုပ်ဆောင်ဒ၀င်း ဂျွန်ဆင်(Dwayne Johnson)ကဆိုပါတယ်။

အဲဒီရုပ်ရှင်ကားကို အမေရိကန်ဒေါ်လာသန်း (၁၁၀) နီးပါး အသုံးပြုပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)