၃၄ နှစ်နီးပါး ကွဲကွာနေတဲ့ Monty Python လူရွှင်တော်အဖွဲ့ ပထမဆုံးဖျော်ဖြေ

0
324

ဗြိတိန် လူရွှင်တော်အဖွဲ့ဖြစ်တဲ့ Monty Python အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို လန်ဒန်မြို့မှာ ၁၀ရက်ကြာပြုလုပ်ဖို့ ရှိနေပါတယ်။

အဲ့ဒီအဖွဲ့ဟာ ၁၉၈၀ ခုနှစ် နောက်ပိုင်းကတည်းက ကွဲသွားခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဖျော်ဖြေမှုဟာ သူတို့အဖွဲ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် အတူတကွ ဖျော်ဖြေတင်ဆက်မှုပဲ ဖြစ်ပါတယ်။

သူတို့ရဲ့တင်ဆက်မှုမှာ ပျက်လုံးထုတ်တာ၊ ဆိုတာနဲ့ ကတာတွေပါဝင်ပြီး အခုအချိန်မှာ အသက်၇၀ကျော်နေကြ ပြီဖြစ်တဲ့ အဖွဲ့ဝင်တွေအတွက်တော့ ဒါတွေဟာအလွန်ပင်ပန်းစေတဲ့ တင်ဆက်မှုတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဖျော်ဖြေပွဲ ပထမရက်အတွက် လက်မှတ်တွေကို ၄၄စက္ကန့်နဲ့ ရောင်းကုန်သွားတာကြောင့် ပွဲကို ၉ရက်ကြာအထိ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာကွယ်လွန်သွားပြီဖြစ်တဲ့ အဖွဲ့ဝင် Graham Chapman နဲ့ ဖျော်ဖြေထားတဲ့ ဗွီဒီယိုတွေလည်းပါဝင်ပြီး ခေါင်းစဉ်ကို One down, five to go လို့ပေးထားပါတယ်။ ပွဲရဲ့နောက်ဆုံးရက် ဇူလှိုင်လ ၂၀ရက်မှာ သူတို့ရဲ့ ဖျော်ဖြေမှုတွေကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ပြုထားပြီးသူတို့ရဲ့ ပရိတ်သတ်တွေက နောက်ဆုံးနှုတ်ဆက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)