ဘရာဇီးလ်နိုင်ငံရဲ့ အလံပုံစံအတိုင်း ကားကိုဆေးခြယ်မောင်းနှင်နေတဲ့ တက္ကစီသမား

0
331

ကမ္ဘာ့ဖလားပွဲကို အားပေးတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းမြို့တော်က တက္ကစီမောင်းသူတစ်ယောက်ဟာ သူ့ရဲ့ကားကို ဘရာဇီးလ်နိုင်ငံရဲ့ အလံပုံစံအတိုင်း ဆေးခြယ်ခဲ့ပါတယ်။

အဲ့ဒါတင်မက တက္ကစီကားနဲ့လိုက်အောင် သူ့ရဲ့အ၀တ်အစားကိုပါ ဘရာဇီးလ်နိုင်ငံအလံမှာပါတဲ့ အရောင် တွေဖြစ်တဲ့ အစိမ်းနဲ့အ၀ါရောင် စပ်ထားတဲ့ ၀တ်စုံကိုဝတ်ဆင်ပြီး မြို့အနှံ့တက္ကစီ ဆွဲပါတယ်။

“ကျွန်တော့်ကားကို စီးတဲ့လူတိုင်း စိတ်ဓာတ်တက်ကြွအောင်ပါ။ ကျွန်တော်က ဘရာဇီးလ်နိုင်ငံရဲ့ အရောင်တွေ ကို ၀တ်ဆင်ပြီး ဘရာဇီးလ်နိုင်ငံအနိုင်ရဖို့ အားပေးနေတာဆိုတော့ သူတို့တွေလည်း ကျွန်တော့်ကားစီးရင်း ကမ္ဘာ့ဖလားပွဲရဲ့ ခံစားချက်အပြည့်အ၀ရကြမှာပါ” လို့ Newton Boa nova က ပြောပါတယ်။

ဒီကားရဲ့ ဘီးတွေကိုဆေးခြယ်ဖို့၊ အလံတွေတပ်ဆင်ဖို့၊ အားလုံးအပြီးသတ်ပြင်ဆင်ဖို့ အချိန် ၄ရက်ကြာခဲ့တာပါ။

“သူဝတ်ထားတဲ့ပုံနဲ့ သူ့ရဲ့အပြုအမူတွေကတိုင်းပြည်ကို ဘယ်လောက်ချစ်လဲဆိုတာဖော်ပြနေပါတယ်။ ကျွန်တော် ကတော့ သူ့စိတ်ကူး အရမ်းကောင်းတယ်လို့ထင်တယ်။ သူ့ကိုဓာတ်ပုံရိုက်ပြီး facebookပေါ်တင်ချင်တယ်” လို့ အဲ့ဒီတောင်ပိုင်းမြို့တော်မှာနေတဲ့ Candida Coelho ကပြောပါတယ်။

အဲဒီတက္ကစီမောင်းသူ Newton ဟာပွဲတော်ရက်တွေတိုင်းမှာ အဲ့ဒီပွဲတော်နဲ့လိုက်တဲ့ အပြင်အဆင်တွေနဲ့ တက္ကစီ မောင်းလေ့ရှိပြီး သူ့မှာပွဲတော်ဝတ်စုံ ၁၀စုံလောက်ရှိတယ်လို့ဆိုပါတယ်။

အဲ့လိုပွဲတော် အပြင်အဆင်တွေ အားလုံးထဲမှာ စန်တာကလော့လို ၀တ်ဆင်ပြီး ကားကိုမီးလုံး ၄၀၀ လောက်တပ်ဆင်ထားတဲ့ ခရစ္စမတ်ပွဲတော်အပြင်အဆင်ကိုတော့ လူကြိုက်အများဆုံးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)