ကမ္ဘာ့အသည်းရောဂါနေ့မှာ လူ ၃၀၀ ကျော်ကို အသည်းရောင်အသည်းဝါ(ဘီ) ပိုးကာကွယ်ဆေးအခမဲ့ထိုးပေး

0
374

ကမ္ဘာ့အသည်းရောဂါနေ့ အထိမ်းအမှတ်ပွဲကို ဇူလိုင်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ကျင်းပခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို အသည်းရောင် အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

“သွေးစစ်ပြီးတော့ ကာကွယ်ဆေးထိုးပေးနေတဲ့ အစီအစဉ်တွေရှိပါတယ်။ ကျန်းမာရေး ပညာလည်းဟောမယ်။ ဒါကြောင့် ဒီလိုလုပ်ခြင်းအားဖြင့် လူတွေအသိပိုမြင့်လာမယ်။ ပိုပြီးတော့ နားလည်လာလို့ရှိရင် ကာကွယ်မယ် ကုသမယ်ဆိုတဲ့ဟာတွေကို ကျွမ်းကျွမ်းကျင်ကျင် သိလာမယ်ဆိုရင် အများကြီးကောင်းတာပေါ့။ ဒါမှလည်း ရောဂါအန္တရာယ်က ကင်းမှာဖြစ်ပါတယ်”လို့ အသည်းဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါက်တာ တင်ညွှန့်က ပြောပါတယ်။

အဲ့ဒီအထိမ်းအမှတ်ပွဲမှာ အသည်းရောဂါအကြောင်းပညာပေး ဟောပြောပွဲ၊ ဖျော်ဖြေပွဲတွေကိုလည်း ပြုလုပ်ခဲ့ပြီး သူနာပြုတက္ကသိုလ်က ကျောင်းသူတွေကိုလည်း ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

“ကျောင်းကဆေးရုံဆင်းရတော့မှာ ၈လပိုင်းလောက်ကျရင် ဆေးရုံဆင်းရတော့မှာဆိုတော့ ဘီပိုးကာကွယ်ဆေး ထိုးရမယ်။ အဲ့ဒါကြောင့်မို့ ၁၈ရက်နေ့က ပြုလုပ်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ liver foundation က ဆေးစစ်ပေးမယ်ဆိုတော့ ဆေးသွားစစ်ခဲ့တယ်။ အဲဒါကြောင့် ဒီအခမ်းအနားကို တက်ရောက်ခဲ့တာ ဆေးထိုးမ
လို့ပါ”လို့ သူနာပြုတက္ကသိုလ် ပထမနှစ်ကျောင်းသူ မပိုးသဉ္ဇာလွင်က ပြောပါတယ်။

အသည်းဖောင်ဒေးရှင်းက ပြုလုပ်ပေးတဲ့ အသည်းရောင် အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပွဲမှာလည်း ပုဂံသွေးပရိဟိတ သွေးလှူရှင်များအသင်းက အသင်းဝင်(၂၅၀)နီးပါးခန့် တက်ရောက်ခဲ့ပြီး ကာကွယ်ဆေး ထိုးခဲ့ကြပါတယ်။

“ဘီပိုးကကူးစက်ရောဂါဆိုတော့ ပြည်သူလူထု သွေးအလှူရှင်လေးတွေက ဘီပိုးရဲ့ဆိုးကျိုး၊ ဆီပိုးရဲ့ ဆိုးကျိုးကို မသိသေးတဲ့အတွက် ထိုးရမှန်းလည်း အားနည်းချက်နဲ့မသိကြဘူး။ ကာကွယ်ရမှန်းလည်းမသိကြဘူး။ ဒီကလေး တွေက ပုံမှန် သွေးအလှူရှင်တွေဖြစ်တဲ့အတွက် သွေးကောင်း သွေးသန့်လည်း ဖြစ်ပါတယ်။ သူတို့ သွေး ကောင်း သွေးသန့်လည်း နောင်အခါမှာ ကူးစက်ပြီးမသွားအောင် အသင်းအနေနဲ့ အကြို၊ အပို့ကို ၀န်ဆောင်မှု ပေးပါတယ်”လို့ ပုဂံသွေး ပရဟိတသွေးလှူရှင်များအသင်းမှ ကိုခင်မောင်ဝင်း ကပြောပါတယ်။

ကမ္ဘာပေါ်မှာ HIV/ AIDS ရောဂါနဲ့သေဆုံးသူသည် ၁.၃ ဘီလီယျံရှိပေမယ့် အသည်းရောဂါနဲ့သေဆုံးသူက ၁.၅ ဘီလီယျံရှိတာကြောင့် အသည်းရောဂါကို သတိထားကာကွယ်သင့်တယ်လို့ ဒေါက်တာ တင်ညွှန့်က ပြောကြား ခဲ့ပါတယ်။

(နဒီကို)

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)