MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ ဇူလိုင် (၅) ရက် အင်္ဂါနေ့

0
372

မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ခုနှစ်၊ ၀ါဆိုလဆန်း(၁)ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက် အင်္ဂါနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

1 မဘသရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအဆင့်အတန်း အောက်ဆုံးကို ရောက်ရှိသွားရတယ်လို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ အရှင်ထာဝရက မိန့်ကြားလိုက်တဲ့သတင်း။

2 ကျောင်းသားသမဂ္ဂအများစုပါဝင်ခြင်းမရှိဘဲ ကျင်းပတဲ့ မည်သည့်ညီ လာခံကိုမဆို ကန့်ကွက်တယ်လို့ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တဲ့အကြောင်း

3 တရုတ် သမ္မတဟောင်း ရဲ့ လက်ထောက် အရာရှိဟောင်း တဦးကို ခြစားမှုနဲ့ ထောင်တသက် ချမှတ်လိုက်တဲ့သတင်း

စတဲ့သတင်းတွေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်း/ပြည်ပသတင်းတွေကိုလည်းတင်ဆက်ပေး သွားဦးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)