ပန်းရောင်းနေတဲ့ ကလေးတွေအတွက် ပန်းပျိုးသူများအခမဲ့ စာသင်ဝိုင်း မန္တလေးမြို့တွင်စတင်

0
322

မန္တလေးမြို့ရှိ လမ်းဆုံမီးပွိုင့်တွေမှာ ပန်းရောင်းနေကြတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ပန်းပျိုးသူများအခမဲ့ စာသင်ဝိုင်းကို ၆၆လမ်း၊ ၂၆နဲ့ ၂၇လမ်းကြား ရွှေပြည်မိုး ကဖေးရှေ့မှာ ဇွန်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။

မိသားစု စားဝတ်နေရေးအရ ကျောင်းဆင်းချိန်အပြီး ပန်းရောင်းချနေရတဲ့ ကလေးငယ်တွေ စာကျက်ချိန် ကောင်းမွန်စွာရရှိစေဖို့ ညနေ ၆ နာရီမှ စတင်ပြီး ကလေးတွေရဲ့ ပန်းတွေကို လုပ်အားပေး လူငယ်တွေက လိုက်လံရောင်းချပေးပြီး စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

“သူတို့ပန်းရောင်းတဲ့ အချိန်မှာစာသင်ရတဲ့အတွက် ပညာပေးပါ ပါတယ်ပေါ့နော်။ နောင်လည်း ကျွန်မတို့က ဒီလိုပဲပညာပေးမယ်။ စားဝတ်နေရေးဖြေရှင်းပေးမယ်။ အဖွဲ့အစည်းအများကြီးနဲ့လုပ်တာ တစ်ယောက်တည်းလုပ်တာ မဟုတ်တဲ့အတွက် ညီညီညွှတ်ညွှတ် စည်းစည်း လုံးလုံးနဲ့ရေရှည် လုပ်သွားမှာပါ”လို့ ဆရာမ မနှင်းဆီက ပြောပါတယ်။

ပန်းရောင်းနေကြသည့် ကလေးငယ်များသည် သန့်ရှင်းမှုနည်းပြီး ပန်းရောင်းမှဆန်ဝယ်စားရသည့် အခြေခံလူတန်းစား၊ အခြေခံထက်နိမ့်သည့် ကလေးတွေများတယ်လို့ ဆရာမကထပ်မံပြောခဲ့ပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ ကလေး ၇၅ ယောက်ကို ဆရာ၊ ဆရာမ ၂၀က အခမဲ့သင်ကြား ပေးနေပြီး လုပ်အားပေးလူငယ် ၃၀လောက်က ပန်းတွေကူညီရောင်းချပေးနေပြီး ကလေးတွေကို စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

သဲဟေမန်မောင်

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)