လေးရက်ကြာကျင်းပခဲ့တဲ့ ဂျိုဟန်နစ္စဘတ် အနုပညာပွဲတော်

0
292

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှာ လေးရက်ကြာကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် ဂျိုဟန်နစ္စဘတ် အနုပညာပွဲတော်မှာ အနုပညာရှင် ၄၀၀ ကျော်ပါဝင် တင်ဆက်ဖျော်ဖြေခဲ့ကြ ပါတယ်။

ဒီပွဲတော်ကို လွန်ခဲ့တဲ့ ၆ နှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အာဖရိကနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး(Pan Africa)ရဲ့ အကြီးဆုံးကျင်းပတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

အာဖရိကရဲ့ ခေတ်ပြိုင်အနုပညာလှုပ်ရှားမှုပုံစံတွေကို အနုပညာရှင်တွေက ပုံစံအမျိုးမျိုးနဲ့ သရုပ်ဖော်တင်ဆက်မှုတွေကို လူအများစိတ်ဝင်စား လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

ယခုနှစ် ဂျိုဟန်နစ္စဘတ်အနုပညာပွဲတော်မှာတော့ နိုင်ငံ ၈နိုင်ငံက ပန်းချီပြခန်း ၃၇ ခုလည်း ပါဝင်ပြသခဲ့တာဖြစ်ကာ ပန်းချီကားစုဆောင်းလိုသူတွေအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ခုလိုခေတ်ပြိုင်အနုပညာတွေဟာ ကျွန်မတို့အတွက်တစ်ကယ့် ကိုပဲအရေးကြီးပါတယ်။ ခုလိုပြန်လည်ဖော်ထုတ်ခွင့်ရတာကိုလည်း ၀မ်းသာပါတယ်။ ခုလိုမှမလုပ်ဆောင်ရင် ဒါတွေက တိမ်မြှုပ်ပျောက်ကွယ်သွာမှာပါ”လို့ ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)