ဒီနှစ်အတွက် MTV Video Music Awards ဆုရရှိခဲ့တဲ့ မိုင်လေးဆိုင်းရပ်စ်

0
303

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယာပြည်နယ်၊ အင်ဂယ်ဝုဒ်မြို့မှာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယခုနှစ်အတွက် MTV Video Music Awards ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ပြီး အဲ့ဒီဆုအတွက် နာမည်ကြီး ပေါ့ပ်အဆိုတော် မိုင်လေးဆိုင်းရပ်စ် က Wrecking Ball သီချင်းနဲ့ ဆုရှိသွားခဲ့ပါတယ်။

အသက် ၂၂

နှစ်အရွယ်သာရှိသေးတဲ့ မိုင်လေးဆိုင်းရပ်စ်ဟာ ဒီဆုအတွက် အခြားနာမည်ကြီး အဆိုတော်တွေကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Wrecking ball တေးသီချင်းကို ဖက်ရှင်နဲ့ ဓာတ်ပုံပညာရှင် တယ်ရီရစ်ချက်ဆင်က ရိုက်ကူးပေးခဲ့တာဖြစ်ကာ ဆိုင်းရပ်စ်အနေနဲ့လည်း သီချင်းနဲ့လိုက်ဖက်အောင် ဖျော်ဖြေတင်
ဆက်မှုပုံစံကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ အခုလိုဆုရရှိခဲ့တာပါ။

အခြားနာမည်ကျော် အဆိုတော်များလည်း သက်ဆိုင်ရာဆုအသီးသီးကို ရရှိခဲ့ကြပြီး ဘီယွန်ဆေးက Michael Jackson Video Vanguard Award ဆုအပါအ၀င် MTV လေးဆုရရှိခဲ့ပြီး ဒီနှစ်အတွက် အများဆုံးဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် MTV Video Music Awards ဆုကို ဂျက်စတင်တင်းဘားလိတ် က Mirrors MTV တေးသီချင်းနဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

MTV Video Music Awards ဆုပေးပွဲအခမ်းအနားကို ၁၉၈၄ ခုနှစ်မှ စတင်ကာ နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ယခုအကြိမ်ဟာ ၃၁ ကြိမ်မြောက်လည်း ဖြစ်တယ်လို့သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)